back

ရင်သားကင်ဆာဖြစ်ပွားရခြင်း၏(၂၈)ရာခိုင်နှုန်းသည် ပြုပြင်ပြောင်းလဲနိုင်သည့်အချက်(၆)ချက်နှင့်ဆက်စပ်နေ

Mar 29 • 4:17 AM

breaking-news

Myanmar

Local

breaking-news
cover

ရင်သားကင်ဆာဖြစ်ပွားရခြင်း၏(၂၈)ရာခိုင်နှုန်းသည် ပြုပြင်ပြောင်းလဲနိုင်သည့်အချက်(၆)ချက်နှင့်ဆက်စပ်နေ

အမျိုးသမီးတွေမှာ ရင်သားကင်ဆာက အန္တရာယ်အများဆုံး ကင်ဆာမျိုးဖြစ်ပြီး ၂၀၂၃ အတွင်း ကမ္ဘာတဝှမ်းမှာ ရင်သားကင်ဆာ ဖြစ်ပွားသူ ၂.၃ သန်းခန့်နဲ့ အသက်ဆုံးပါးသူ ၇၆၄,၀၀၀ ဦးခန...

အမျိုးသမီးတွေမှာ ရင်သားကင်ဆာက အန္တရာယ်အများဆုံး ကင်ဆာမျိုးဖြစ်ပြီး ၂၀၂၃ အတွင်း ကမ္ဘာတဝှမ်းမှာ ရင်သားကင်ဆာ ဖြစ်ပွားသူ ၂.၃ သန်းခန့်နဲ့ အသက်ဆုံးပါးသူ ၇၆၄,၀၀၀ ဦးခန့် ရှိခဲ့ပါတယ်။ ဒီလိုဆန်းစစ်ချက်တွေကနေ ၁၈၅ နိုင်ငံတဝှမ်း ရင်သားကင်ဆာအကြောင်း ဘက်ပေါင်းစုံသုံးသပ်ချက်များ ရစေနိုင်ပါတယ်။ ဝင်ငွေမြင့်မားတဲ့ နိုင်ငံတွေမှာ အသက်ဆုံးပါးမှုနှုန်း လျော့ကျတာကို အထောက်အထားတွေ တွေ့ထားပါတယ်။ ဒါပေမဲ့ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ယှဉ်ရင် ၂၀၅၀ အရောက်မှာ ရင်သားကင်ဆာ ဖြစ်ပွားသူပေါင်း ၃.၅ သန်းရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။ ရင်သားကင်ဆာ ဖြစ်ပွားမှုပေါင်းရဲ့ ၇၃ ရာခိုင်နှုန်းက ဝင်ငွေမြင့်မားတဲ့ နိုင်ငံတွေကဖြစ်ပြီး ရင်သားကင်ဆာကြောင့် အသက်ဆုံးပါးမှု ၃၉ ရာခိုင်နှုန်းကတော့ ဝင်ငွေနည်းပါးတဲ့ အလယ်အလတ်ရှိတဲ့ နိုင်ငံတွေမှ ဖြစ်ပါတယ်။

news-view-count-icon

16