၂၀၂၅ ခုနှစ်၊ မတ်လ(၂၈)ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီး (၁)နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို မတ်လ(၂၈)ရက် နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ အသင်းဌာန ချုပ်တွင် ပြုလုပ်ခဲ့ရာ အသင်းဥက္ကဌ ပါမောက္ခ ဒေါက်တာ မျိုးညွန့်၊ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများက နေပြည်တော် လယ်ဝေးမြို့နယ် ပေါက်မြိုင်ကျောင်းတိုက် တိုက်အုပ်ဆရာတော် ဦးဇာနေယျ နှင့် သံဃာတော်များထံမှ ငါးပါးသီလခံယူခဲ့ပြီး လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆက်ကပ် ကာ မန္တလေးငလျင်ကြီးကြောင့် ကွယ်လွန်ခဲ့သူများအား ရည်စူး၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ပါသည်။



