back

ထိုင်းမှာ အရက်မူးနေတဲ့ လူတွေကို အရက်ရောင်းခွင့်ပိတ်လိုက်ပြီ

Mar 29 • 1:44 AM

breaking-news

Thailand

Local News

cover

ထိုင်းမှာ အရက်မူးနေတဲ့ လူတွေကို အရက်ရောင်းခွင့်ပိတ်လိုက်ပြီ

ထိုင်းနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့ကစပြီး အရက်ရောင်းချသူတွေအနေနဲ့ အရက်မူးနေတဲ့ လူတွေကို အရက်ရောင်းခွင့်ပိတ်ပင်တဲ့ ဥပဒေအသစ်ကို စတင်ကျင့်သုံးလိုက်ပါတယ်။ အရက်ကြောင့်...

ထိုင်းနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့ကစပြီး အရက်ရောင်းချသူတွေအနေနဲ့ အရက်မူးနေတဲ့ လူတွေကို အရက်ရောင်းခွင့်ပိတ်ပင်တဲ့ ဥပဒေအသစ်ကို စတင်ကျင့်သုံးလိုက်ပါတယ်။ အရက်ကြောင့်ဖြစ်မယ့် ပြဿနာတွေကို လျှော့ချဖို့နဲ့ ရောင်းချသူတွေဘက်ကလည်း စံသတ်မှတ်ချက်တစ်ခုနဲ့ တိတိကျကျ ဆုံးဖြတ်နိုင်အောင် လုပ်ပေးလိုက်တာပဲဖြစ်ပါတယ်။ဘယ်လိုလူမျိုးကို အရက်မူးနေလဲဆိုတာ သတ်မှတ်မလဲဆိုရင်တော့ အရက်သောက်ထားပြီးနောက် ကိုယ်ဟန်အနေအထား မထိန်းနိုင်တာ၊ လမ်းလျှောက်တာ မမှန်တာ ဒါမှမဟုတ် ပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေနိုင်တဲ့ အပြုအမူနဲ့ စကားပြောဆိုမှုတွေ ရှိနေတာပဲဖြစ်ပါတယ်။ အဲဒီအပြင် မျက်လုံးနီမြန်းတာ၊ လက်တုန်တာ၊ စကားသံဗလုံးဗထွေးဖြစ်တာ၊ ရန်လိုတာနဲ့ သတိလစ်ဟန်ပြတာမျိုးတွေ ရှိနေရင်လည်း မူးနေသူလို့ သတ်မှတ်မှာဖြစ်ပါတယ်။သတ်မှတ်ထားတဲ့ စစ်ဆေးနည်း ၃ မျိုးကတော့ အဲဒီအတိုင်းဖြစ်ပါတယ်။

နှာခေါင်းထိပ်ကို လက်ညှိုးနဲ့ထိခိုင်းခြင်း - မျက်စိမှိတ်ပြီး လက်ညှိုးနဲ့ နှာခေါင်းထိပ်ကို ထိခိုင်းတဲ့အခါ ၁ စင်တီမီတာထက် ပိုလွဲတာ ဒါမှမဟုတ် သိသိသာသာ တုန်ရီနေတာမျိုး ရှိရင် မူးနေပြီလို့ ယူဆမှာပါ။

မျဉ်းဖြောင့်အတိုင်း လမ်းလျှောက်ခိုင်းခြင်း - ခြေဖနောင့်နဲ့ ခြေဖျား ထိစပ်ပြီး မျဉ်းဖြောင့်အတိုင်း ၁၀ လှမ်းလျှောက်ခိုင်းတာ၊ လှည့်ခိုင်းတာတွေ လုပ်တဲ့အခါ လမ်းကြောင်းပေါ်က ချော်ထွက်တာ ဒါမှမဟုတ် ဟန်ချက်မထိန်းနိုင်ဘဲ လက်ကို ဘေးကားထုတ်တာမျိုး အနည်းဆုံး ၂ ချက်တွေ့ရင် မူးနေသူလို့ သတ်မှတ်ပါတယ်။ခြေတစ်ဖက်တည်းနဲ့ ရပ်ခိုင်းခြင်း - ခြေတစ်ဖက်ကို ၁၅ စင်တီမီတာလောက် မြှောက်ပြီး စက္ကန့် ၃၀ ကြာအောင် ဂဏန်းရေခိုင်းတဲ့အခါ ဟန်ချက်ပျက်တာ ဒါမှမဟုတ် ခြေထောက်ကို အမြန်ပြန်ချလိုက်တာမျိုး အနည်းဆုံး ၂ ချက်တွေ့ရင် မူးနေပြီလို့ ဆုံးဖြတ်မှာဖြစ်ပါတယ်။အဲဒီစည်းမျဉ်းတွေကြောင့် အရက်ရောင်းချတဲ့ နေရာတွေမှာ ပိုပြီး စနစ်တကျ ရှိလာမှာဖြစ်သလို အများပြည်သူ အေးချမ်းသာယာရေးကိုလည်း အထောက်အကူပြုမှာဖြစ်ပါတယ်။


news-view-count-icon

10