ဩစတြေးလျကလပ် Melbourne City Women FC နှင့် ဉ္စဘတ်ကစ္စတန်ကလပ် Nasaf Qarshi Women FC အသင်းကတော့ သိပ်မကွာဟဘူး။ နောက်ဆုံး ၅ ပွဲမှာ လည်း ရလဒ်ကောင်းတွေပိုင်ဆိုင်တဲ့အသင်းပါ။ ဒါပေမယ့် အိမ်ရှင် Melbourne City Women FC ကတော့ အနည်းငယ်အားသာချက်ရှိတာကြောင့် အိမ်ရှင်အားနဲ့အနိုင်ယူလိမ့်မယ်။ ဩစတြေးလျနိုင်ငံ Melbourne City၊ The Home of the Matildas မှာကစားရမှာကြောင့် မြန်မာစံတော်ချိန် မနက် ၉:၃၀ နာရီအချိန်ဖြစ်ပါတယ်။တရုတ်ကလပ် Wuhan Jiangda နှင့် တောင်ကိုးရီးယားကလပ် Suwon Women FC တို့ကို အင်တာနက် ခန့်မှန်းမှုအရ Suwon Women FC ကတော့ အဖက်ဖက်မှာအားသာနေတာကြောင့် ဧည့်သည် Suwon အသင်းက အနိုင်ရလိမ့်မယ်။ ဒီပွဲကို တရုတ်နိုင်ငံ Hankou Cultural Sports Centre မှာ မြန်မာစံတော်ချိန် ညနေ ၄:၃၀ မှာကစားကြမှာဖြစ်ပါတယ်။



