back

အစေ့ထုတ်ပြောင်းစိုက်မည့် နေရာများတွင် တောင်ယာခုတ်ထွင်မီးရှို့မှုကို ရှောင်ကြဉ်

Mar 28 • 4:19 PM

breaking-news

Myanmar

Local

cover

အစေ့ထုတ်ပြောင်းစိုက်မည့် နေရာများတွင် တောင်ယာခုတ်ထွင်မီးရှို့မှုကို ရှောင်ကြဉ်

မြန်မာ့ပြောင်း၏ အဓိကဝယ်လက်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် ထိုင်း နိုင်ငံက တောင်ယာခုတ်ထွင်မီးရှို့ခြင်း မပြုလုပ်သည့်ဒေသများမှ စိုက်ပျိုးထွက်ရှိသည့် အစေ့ထုတ်ပြောင်းမျာ...

မြန်မာ့ပြောင်း၏ အဓိကဝယ်လက်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် ထိုင်း နိုင်ငံက တောင်ယာခုတ်ထွင်မီးရှို့ခြင်း မပြုလုပ်သည့်ဒေသများမှ စိုက်ပျိုးထွက်ရှိသည့် အစေ့ထုတ်ပြောင်းများကိုသာ တင်သွင်းလျက်ရှိခြင်းကြောင့် အစေ့ထုတ်ပြောင်း(မိုး)စိုက်ပျိုးမည့် ဧရိယာများအတွင်း တောင်ယာခုတ်ထွင် မီးရှို့ခြင်းမပြုလုပ်ရန် တောင်သူများအား အသိပေးတားမြစ်ထားသည်။ ထိုင်းနိုင်ငံက နယ်စပ်ဖြတ်ကျော် မီးခိုးမြူနှင့် လေထုညစ်ညမ်းမှုကို လျှော့ချနိုင်ရေးအတွက် ယင်းကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ပြီး အစေ့ထုတ်ပြောင်း စိုက်ပျိုးမည့်နေရာများတွင် တောင်ယာခုတ်ထွင်မီးရှို့ခြင်း ရှိ မရှိကိုလည်း မိုးလေဝသဂြိုဟ်တုကဲ့သို့သော ခေတ်မီနည်းပညာများနှင့် စနစ်တကျစိစစ်သွားမည်ဖြစ်ရာ တောင်ယာခုတ်ထွင်မီးရှို့သည့်ဓလေ့ကို စွန့်ပယ်ကြရမည်ဖြစ်သည်။မြန်မာနိုင်ငံနှင့် အနီးဆုံးစျေးကွက်ဖြစ်သည့် ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့ရာတွင် မီးခိုးမြူကင်းစင်ကြောင်း ထောက်ခံချက်ရရှိရန် လိုအပ်လျက်ရှိရာ ပြောင်းစိုက်ဒေသများတွင် တောင်ယာခုတ်ထွင်မီးရှို့ခြင်း မပြုမှသာ ၎င်းထောက်ခံချက်ကို ရရှိနိုင်ကြမည်ဖြစ်သည်။ အစေ့ထုတ်ပြောင်း စိုက်ပျိုးထွက်ရှိသည့်ဒေသများတွင် တောင်ယာခုတ်ထွင်မီးရှို့ခြင်း ရှိ မရှိကို စင်ကာပူနိုင်ငံတွင်တည်ရှိသည့် အာဆီယံမိုးလေဝသဌာန (ASEAN Specialized Meteorological Centre - ASMC) မှပေးပို့သည့် fire hotspot ဖြစ်ပေါ်တွေ့ရှိမှုများကိုအခြေခံပြီး နောက်ကြောင်းပြန်စိစစ်သည့် အစီအစဉ်များဖြင့် စနစ်တကျစိစစ်၍ မီးခိုးမြူကင်းစင်ကြောင်း ထောက်ခံချက် ထုတ်ပေးရေး လုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အစိုးရ-ပုဂ္ဂလိက လုပ်ငန်းအဖွဲ့က ထောက်ခံချက်များ ထုတ်ပေးနေခြင်းဖြစ်သည်။မီးခိုးမြူငွေ့ လျော့နည်းသွားစေရန်အတွက် တောမီးလောင်ကျွမ်းမှုများ မဖြစ်ပွားစေရန် ထိန်းသိမ်းဆောင်ရွက်ကြရမည်ဖြစ်သလို ဒေသခံပြည်သူများသည်လည်း ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်းအစား ကွန်တို/တောင်စောင်း စိုက်ပျိုးခြင်း၊ သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း၊ ကုန်းမြင့်လယ်ယာစိုက်ပျိုးခြင်း စနစ်ကျင့်သုံးခြင်း၊ စိုက်ပျိုးရေးဘေးထွက်ပစ္စည်းများနှင့် လူနေအိမ်များမှ စွန့်ပစ်ပစ္စည်းများကို စနစ်တကျစွန့်ပစ်ခြင်း၊ မီးရှို့သည့်နည်းလမ်းအစား သဘာဝမြေသြဇာပြုလုပ်၍ ပြန်လည်အသုံးပြုခြင်းတို့ကို အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်သည်။




news-view-count-icon

13