back

ပဲခူးမြို့၊ကျောင်းဆရာမတစ်ဦးထံမှ ဆွဲကြိုးဖြတ်လုယက်ခဲ့တဲ့တရားခံနှစ်ဦးဖမ်းမိ

Mar 28 • 4:17 PM

breaking-news

Myanmar

Bago

cover

ပဲခူးမြို့၊ကျောင်းဆရာမတစ်ဦးထံမှ ဆွဲကြိုးဖြတ်လုယက်ခဲ့တဲ့တရားခံနှစ်ဦးဖမ်းမိ

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၇ရက်နေ့၊မွန်းလွဲ၃နာရီ၁၅မိနစ်ခန့်အချိန်က ပဲခူးမြို့၊အမှတ်(၃)နယ်မြေရဲစခန်းအပိုင် ညောင်အင်းကျေးရွာစာသင်ကျောင်းမှ နေ အိမ်သို့ဆိုင်ကယ်ဖြင့်ပြန...

ြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၇ရက်နေ့၊မွန်းလွဲ၃နာရီ၁၅မိနစ်ခန့်အချိန်က ပဲခူးမြို့၊အမှတ်(၃)နယ်မြေရဲစခန်းအပိုင် ညောင်အင်းကျေးရွာစာသင်ကျောင်းမှ နေ အိမ်သို့ဆိုင်ကယ်ဖြင့်ပြန်လာသူ -ကျောင်းဆရာမတစ်ဦးထံ ဆွဲကြိုးဖြတ်လုယက်ပြီး ထွက် ပြေးတိမ်းရှောင်နေတဲ့ ​ကျော်သက်ဝေနဲ့မျိုးဇော်လင်းဆိုသူနှစ်ဦးကို ယနေ့မတ်လ ၂၈ ရက်နေ့၊နံနက် ၁၁နာရီခွဲအချိန်မှာ ရန်ကုန်


ပဲခူး တိုင်းဒေသကြီး၊ထောက်ကြံ့လမ်းဆုံအနီးမှာ သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရမိတယ်လို့သိရပါတယ်။(ယခုဖမ်းဆီးရမိသူနှစ်ဦးရဲ့မျက်နှာတွေကို ဆင်ဆာမလုပ်ပဲဖော်ပြထားပါတယ်။အကြောင်းကတော့ ဖမ်းဆီးရမိခြင်းမရှိသေးတဲ့လုယက်မှုတစ်ချို့မှာမျက်မြင်သက် သေတွေက ``လူမြင်ရင် မှတ်မိတယ်´´ လို့ထွက်ဆိုနေကြတဲ့အတွက် ဖော်ပြပါတရားခံ ၂ဦးနဲ့ပတ်သက်ပြီးမြင်ဘူး/မှတ်မိသူရှိပါက နီးရာရဲစခန်းသို့ ဆက်သွယ်သတင်းပေးကြစေချင်ပါတယ်)




news-view-count-icon

10