back

စူဠာမုနိဘုရားအရှေ့ဘက် အရှေ့မြို့ပတ်လမ်းမပေါ်တွင် ဆိုင်ကယ်ဓါးပြတိုက်မှုဖြစ်ပွား

Mar 28 • 12:57 PM

breaking-news

Myanmar

Shan

cover

စူဠာမုနိဘုရားအရှေ့ဘက် အရှေ့မြို့ပတ်လမ်းမပေါ်တွင် ဆိုင်ကယ်ဓါးပြတိုက်မှုဖြစ်ပွား

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ စူဠာမုနိဘုရားအရှေ့ဘက် အရှေ့မြို့ပတ်လမ်းပေါ်တွင် မတ်လ ၂၀ ရက်နေ့လယ် ၂ နာရီအချိန်၌လူသုံးဦးက လူငယ်တစ်ဦး ကို ဓားထောက်လုယက် ဓ...

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ စူဠာမုနိဘုရားအရှေ့ဘက် အရှေ့မြို့ပတ်လမ်းပေါ်တွင် မတ်လ ၂၀ ရက်နေ့လယ် ၂ နာရီအချိန်၌လူသုံးဦးက လူငယ်တစ်ဦး ကို ဓားထောက်လုယက် ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။ဓား​ပြတိုက်ခံရသူသည် ဟိုပုံးတွင်နေထိုင်သည့် အ သက်၂၀ ကျော်လူငယ်တစ်ဦးဖြစ်ပြီး ဆိုင်ကယ်လိုင်စင်သက်တမ်းတိုးပြီးနောက် သူငယ် ချင်းထံဝင်လည်ရန်လမ်းတွင် ဓားပြတိုက်ခံရခြင်းဖြစ်သည်။ဆိုင်ကယ်Click 150 ဘီး နံပါတ် SHN 56395 မော်ဒယ် ၂၀၂၁ တန်ဖိုး သိန်း ၇၀ ကျော် ၊ Samsoung A71ဖုန်းတစ်လုံးနှင့် kpay နှစ်သိန်း စုစုပေါင်း သိန်းတစ်ရာဝန်းကျင် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။ကြုံတွေ့ခဲ့သူ ၏ ဉီးလေးဖြစ်သူက‘’ကောင်လေးက စာအရမ်းတော်လို့ မိဘက ဆုချပြီး ဆိုင်ကယ်တွေ၊ ဖုန်းတွေဝယ်ပေးထားတာမကြာသေးဘူး၊ အဲနေ့ တောင်ကြီးကသူငယ်ချင်းကိုသွားလယ်တာ အဲလမ်းမှာ လူသုံးယောက်က အနောက်ကနေလိုက်ပြီးဓားပြတိုက်တာ” ဟု ပြောသည်။



news-view-count-icon

12