ရီးယဲလ်မက်ဒရစ် တိုက်စစ်မှူး အမ်ဘာပေက ၎င်း၏ဒူးဒဏ်ရာအား အသင်းဆေးအဖွဲ့က မှားယွင်းစစ်ဆေး ကုသခဲ့သည်ဆိုသော ပြင်သစ်မီဒီယာ RMC Sport ၏ ဖော်ပြချက်များကို မဟုတ်မှန်ကြောင်း ငြင်းဆန်လိုက်သည်။ အဆိုပါသတင်းတွင် ရီးယဲလ်အသင်းသည် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း အမ်ဘာပေ၏ ဘယ်ဘက်ဒူးဒဏ်ရာကို စစ်ဆေးရမည့်အစား ညာဘက်ဒူးကို Scan ဖတ်ခဲ့သည်ဟု ရေးသားခဲ့ခြင်းဖြစ်သည်။ အမ်ဘာပေသည် ဘရာဇီးလ်နှင့် ကစားမည့် ခြေစမ်းပွဲအတွက် ပြင်သစ်လက်ရွေးစင်အသင်းနှင့် လာရောက်ပူးပေါင်းစဉ် "ဘယ်ဘက်နှင့် ညာဘက်မှားယွင်းစစ်ဆေးခဲ့သည်ဆိုသော အချက်အလက်မှာ မမှန်ကန်ကြောင်း" နှင့် မီဒီယာများ၏ အဓိပ္ပာယ်ကောက်ယူမှု လွဲမှားနေခြင်းသာဖြစ်ကြောင်း ဖြေရှင်းပြောကြားခဲ့ပါသည်။
Mar 28 • 8:03 AM
Myanmar
International
Share
| 14 | 0 | 0 | 0 |


