back

ပြည်တွင်း‌‌၌ငလျင်ကြီးတစ်နှစ်ပြည့်ချိန်အထိ နောက်ဆက်တွဲငလျင်(၂၉၀)ကြိမ်ကျော်လှုပ်ခဲ့

Mar 28 • 5:04 AM

breaking-news

Myanmar

Local

breaking-news
cover

ပြည်တွင်း‌‌၌ငလျင်ကြီးတစ်နှစ်ပြည့်ချိန်အထိ နောက်ဆက်တွဲငလျင်(၂၉၀)ကြိမ်ကျော်လှုပ်ခဲ့

၂၀၂၅ခုနှစ်မတ်လ(၂၈)ရက်မှာ စစ်ကိုင်း၊မန္တလေး၊နေပြည်တော်နဲ့ရှမ်းပြည်ကို သက်ရောက်မှုရှိခဲ့တဲ့ အင်အားရစ်တာစကေး(၇.၇)အဆင့်ရှိငလျင်ကြီး ဟာဒီကနေ့ ၂၀၂၆ခုနှစ်မတ်လ(၂၈)ရက်မှ...

၂၀၂၅ခုနှစ်မတ်လ(၂၈)ရက်မှာ စစ်ကိုင်း၊မန္တလေး၊နေပြည်တော်နဲ့ရှမ်းပြည်ကို သက်ရောက်မှုရှိခဲ့တဲ့ အင်အားရစ်တာစကေး(၇.၇)အဆင့်ရှိငလျင်ကြီး ဟာဒီကနေ့ ၂၀၂၆ခုနှစ်မတ်လ(၂၈)ရက်မှာဆိုရင် တစ်နှစ်တိတိပြည့်ပြီပဲဖြစ်ပါတယ်။ငလျင်ကြီးလှုပ်ခတ်လို့ တစ်နှစ်ပြည့်ချိန်အထိမတ်လ(၂၆)ရက်အထိ နောက်ဆက်တွဲငလျင်စုစုပေါင်း(၂၉၁)ကြိမ်နဲ့ သီးခြားငလျင်ငယ်လှုပ်ခတ်မှုများစွာလည်းလှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြေငလျင်ဌာနခွဲရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။မတ်လ(၂၆)ရက်မှာ မန္တလေးမဟာအောင်မြေအနီးဗဟိုပြုပြီးအင်အား(၄.၃)အဆင့်ရှိငလျင်လှုပ်ခဲ့သလို အဲဒီ့နေ့မှာပဲအင်အား(၄.၂)အဆင့်ရှိငလျင်တစ်ခုစစ်ကိုင်းတိုင်းဂန့်ဂေါမြို့နယ်မှာလှုပ်ခဲ့သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။


news-view-count-icon

20