ဗီဇပြောင်းလဲမှုမြင့်မားတဲ့ SARS-CoV-2 BA.3.2 မျိုးဗီဇကွဲကို နိုင်ငံပေါင်း အနည်းဆုံး ၂၃ နိုင်ငံမှာ တွေ့ရှိထားပါတယ်။ အမေရိကန်ခရီးသွား ၄ ယောက်နဲ့ လူနာ ၅ ဦးထံမှ နှာခေါင်းတို့ဖတ်စတို့ကနေ တွေ့ရှိခဲ့ကာ ပြည်နယ်ပေါင်း ၂၅ ခုမှ ရေဆိုးစောင့်ကြည့်နမူနာ ၁၃၂ မျိုး၊ လေယာဉ်ရေဆိုးနမူနာ ၃ မျိုးတို့မှ ရယူခဲ့ကြပါတယ်။ ၂၀၂၄ နိုဝင်ဘာလက တောင်အာဖရိကမှ အသက်ရှူလမ်းကြောင်း နမူနာတစ်ခုမှာ ပထမဆုံးတွေ့ရှိခဲ့တာဖြစ်ပြီး စပိုက်ခ်ပရိုတိန်း မျိုးဗီဇဖွဲ့စည်းပုံထဲမှာ အစားထိုး ပယ်ဖျက်မှုပေါင်း ၇၀ မှ ၇၅ ခုခန့် ရှိပြီး JN.1 မျိုးဗီဇကွဲဆက်စပ်ကာ LP.8.1 မျိုးဆက်တွေ ဖြစ်ပါတယ်။ BA.3.2 က SARS-CoV-2 မျိုးနွယ်အသစ်ဖြစ်ပြီး JN.1 မျိုးနွယ်တွေကနေ ကွဲပြားသွားကာ ၂၀၂၄ ဇန်နဝါရီတည်းက အမေရိကန်မှာ ပျံ့ပွားနေခဲ့တယ်လို့ ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ (CDC)သုတေသီတွေက ဖော်ပြထားပါတယ်။ 
Mar 28 • 4:52 AM
Myanmar
International
Share
| 8 | 0 | 0 | 0 |


