ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်မှတရားခံ မေမြတ်သူ (ခ) မေသူနှင့် Mr. SHAOXUAN တို့ နှစ်ဦးအားလူကုန်ကူးမှုဖြင့်ထောင်ဒဏ်၁၅နှစ်စီချမှတ်ခဲ့

Mar 28 • 2:39 AM

breaking-news

Myanmar

Yangon

breaking-news
cover

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်မှတရားခံ မေမြတ်သူ (ခ) မေသူနှင့် Mr. SHAOXUAN တို့ နှစ်ဦးအားလူကုန်ကူးမှုဖြင့်ထောင်ဒဏ်၁၅နှစ်စီချမှတ်ခဲ့

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် အောက်ဝါးနက်ချောင်းကျေးရွာအုပ်စု အင်တန်းကျေးရွာနေ အမျိုးသမီးတစ်ဦးက မှတ်ပုံတင်ပြုလုပ်လို၍ အဒေါ်ဖြစ်သူ ဒေါ်နှင်းယုလွင်အား ဆက်သ...

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် အောက်ဝါးနက်ချောင်းကျေးရွာအုပ်စု အင်တန်းကျေးရွာနေ အမျိုးသမီးတစ်ဦးက မှတ်ပုံတင်ပြုလုပ်လို၍ အဒေါ်ဖြစ်သူ ဒေါ်နှင်းယုလွင်အား ဆက်သွယ်ခဲ့ရာ အ‌ဒေါ်ဖြစ်သူက ခရေပင်ရိပ်မွန်အိမ်ရာအတွင်းရှိ တိုက်အမှတ် (၁၀၂) သို့ ရောက်ရှိနေကြောင်း ပြောဆိုသဖြင့် အဆိုပါနေအိမ်သို့ သွားရောက်ခဲ့ရာ အ‌ဒေါ်ဖြစ်သူအား မတွေ့ရှိဘဲ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ချစ်တီးကုန်းရပ်ကွက်နေ မမေမြတ်သူ (ခ) မေသူနှင့် ခင်ပွန်းဖြစ်သူ တရုတ်နိုင်ငံသား Mr. SHAOXUAN တို့အား တွေ့ရှိခဲ့ပြီး မမေမြတ်သူ (ခ) မေသူက ၎င်းအား တရုတ်ယောက်ျားယူပါက တင်တောင်းငွေ ကျပ်သိန်း ၁၀၀ ရရှိမည်၊ လက်ဝတ်ရတနာများ ဆင်ပေးမည်ဟု ပြောဆိုစည်းရုံးသဖြင့် သဘောတူခဲ့ကြောင်း၊ တစ်ပတ်ခန့်အကြာတွင် မမေမြတ်သူ (ခ) မေသူက ကြိုတင်ငွေသိန်း ၂၀ ပေးခဲ့ပြီး တရုတ်နိုင်ငံသား Mr. Li Wei နှင့် ပေါင်းသင်းနေထိုင်ခဲ့ရကြောင်း၊ ငါးလခန့် ပေါင်းသင်းနေထိုင်စဉ် မမေမြတ်သူ (ခ) မေသူက နိုင်ငံကူးလက်မှတ်စာအုပ်ပြုလုပ်ပေးခြင်း၊ ဗီဇာလျှောက်ထားခြင်း၊ ရွှေလက်စွပ်၊ ရွှေနားကပ် ပြုလုပ်ပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသားက မမေမြတ်သူ (ခ) မေသူအား အကျိုးဆောင်ခအဖြစ် ယွမ် ၄၀၀၀၀ ပေးခဲ့ရကြောင်း စိစစ်ပေါ်ပေါက်သဖြင့် အမှတ် (၆) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (ရန်ကုန်) မှ တရားလိုပြုလုပ် တိုင်တန်းခဲ့ရာ မင်္ဂလာဒုံမြို့မရဲစခန်း (ပ) ၁၈၁/၂၀၂၅၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲ တင်ပို့ခဲ့ပြီး မတ် ၂၄ ရက်တွင် မင်္ဂလာဒုံခရိုင်တရားရုံးမှ တရားခံ မေမြတ်သူ (ခ) မေသူနှင့် Mr. SHAOXUAN တို့ နှစ်ဦးအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁၅ နှစ်စီ၊ တရားခံတရုတ်နိုင်ငံသား Mr. Li Wei အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ပါတယ်။


news-view-count-icon

12