တစ်လကျော်ကြာ ပိတ်ထားသည့် မြိတ်-ထားဝယ်ကားလမ်း ယနေ့ ပြန်လည်သွားလာခွင့်ရကြောင်း ဒေသခံအချို့နှင့် ကားသမားအချို့က ပြောသည်။မြိတ်-ထားဝယ် ပြေးဆွဲသည့် မှန်လုံကား ပိုင်ရှင်တစ်ဦးကမူ ကားလမ်းဖွင့်ပြီဟု ပြောဆိုနေသော်လည်း မသွားလာရဲသေးသဖြင့် အခြေအနေကို စောင့်ကြည့်နေဆဲဖြစ်ကြောင်း ပြောဆိုသည်။မြိတ်-ထားဝယ် ကားလက်မှတ်ရောင်းနေသူ အမျိုးသမီးတစ်ဦးကမူ ကားလမ်းအခြေအနေကို စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း ဆိုသည်။



