back

ယခုတစ်ပတ်ရောင်းချမည့် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး အနည်းငယ်မြင့်တက်

Mar 27 • 7:43 AM

breaking-news

Myanmar

Local

breaking-news
cover

ယခုတစ်ပတ်ရောင်းချမည့် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး အနည်းငယ်မြင့်တက်

ယခုသီတင်းပတ်ကာလဖြစ်သည့် မတ်လ ၂၇ ရက် မှ ဧပြီ ၂ ရက်အထိ ရန်ကုန်အထိုင်ဈေး စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၆၆၄၀ ကျပ် ဖြစ်ကြောင်း စ...

ယခုသီတင်းပတ်ကာလဖြစ်သည့် မတ်လ ၂၇ ရက် မှ ဧပြီ ၂ ရက်အထိ ရန်ကုန်အထိုင်ဈေး စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၆၆၄၀ ကျပ် ဖြစ်ကြောင်း စားအုန်းဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။ပြီးခဲ့သည့် အပတ်ကထက် စျေးအနည်းငယ်မြင့်တက်လာခြင်းဖြစ်ပြီး ယခင်အပတ်က စျေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၆၆၀၀ ဖြစ်သည်။ပြီးခဲ့သည့် ဖေဖေါ်ဝါရီလထဲတွင် စားအုန်းဆီဈေးသည် တစ်ပိဿာကျပ် ၅,၂၅၀ ဖြစ်ပြီး မတ်လထဲတွင် အနည်းငယ်မြင့်တက်လာခြင်းလည်း ဖြစ်သည်။



news-view-count-icon

21