OpenAI ကုမ္ပဏီသည် ၎င်းတို့၏ နာမည်ကျော် AI ဗီဒီယိုဖန်တီးမှုစနစ်ဖြစ်သော Sora ကို ရပ်ဆိုင်းလိုက်ကြောင်းနှင့် Walt Disney ကုမ္ပဏီနှင့် ချုပ်ဆိုထားသည့် ဒေါ်လာ ၁ ဘီလီယံတန် မိတ်ဖက်စာချုပ်ကိုပါ ရုတ်တရက် အဆုံးသတ်လိုက်ကြောင်း ကြေညာခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်သည် OpenAI အနေဖြင့် လုပ်ငန်းသုံး ထုတ်ကုန်များ၊ Coding ကိရိယာများနှင့် AGI (Artificial General Intelligence) ဘက်သို့ ပိုမိုအာရုံစိုက်ရန် လမ်းကြောင်းပြောင်းလဲလိုက်ခြင်းဖြစ်ပြီး၊ Disney ဘက်မှ တာဝန်ရှိသူများမှာ အစည်းအဝေးပြုလုပ်နေစဉ်အတွင်း မိနစ်ပိုင်းအလိုမှသာ သိရှိခဲ့ရသဖြင့် အကြီးအကျယ် အံ့အားသင့်ခဲ့ရသည်။ ယခုကဲ့သို့ Sora ကို ဖျက်သိမ်းလိုက်ခြင်းမှာ OpenAI အနေဖြင့် ယခုနှစ်နှောင်းပိုင်းတွင် စတော့ဈေးကွက်အတွင်း ဝင်ရောက်ရန် ပြင်ဆင်နေသည့် ကုမ္ပဏီအတွင်း ပြန်လည်ဖွဲ့စည်းမှုများ၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။
| 16 | 0 | 0 | 0 |


