ယူအေအီးနိုင်ငံ၊ ဒူဘိုင်းလမ်းပန်းဆက်သွယ်ရေးအာဏာပိုင် (RTA) သည် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်နိုင်ရန်အတွက် အရေးပေါ်အခြေအနေ တုံ့ပြန်ရေးဇုန်များကို သတ်မှတ်ကာ စီမံချက်အသစ်များ ချမှတ်ထားကြောင်း သိရသည်။ အဆိုပါစီမံချက်အရ ရေကြီးနိုင်ခြေရှိသော နေရာများကို စောင့်ကြည့်ရန် အထူးအဖွဲ့များ ဖွဲ့စည်းထားပြီး၊ ယာဉ်မောင်းများအနေဖြင့် မိုးရွာသွန်းချိန်တွင် ဖုန်းအသုံးပြုခြင်း၊ ရေကြီးသည့်ချိုင့်ဝှမ်းများကို ဖြတ်ကျော်ခြင်းနှင့် အရေးပေါ်ယာဉ်များကို လမ်းပိတ်ဆို့ခြင်းများ မပြုလုပ်ရန်နှင့် ဖောက်ဖျက်ပါက ဒဏ်ငွေ (၂,၀၀၀) ဒီရမ်အထိ ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း သတိပေးထားပါသည်။
ဒူဘိုင်းလမ်းပန်းဆက်သွယ်ရေးအာဏာပိုင် (RTA) က မိုးသည်းထန်စွာရွာသွန်းချိန်အတွက် ရေကြီးမှုတုံ့ပြန်ရေးနှင့် ယာဉ်ကြောစီမံခန့်ခွဲမှုဆိုင်ရာ မဟာဗျူဟာများ ချမှတ်
Mar 27 • 6:52 AM
UAE
Local News
Share
| 5 | 0 | 0 | 0 |


