လက်ရှိဖြစ်ပွားနေသော အရှေ့အလယ်ပိုင်းပဋိပက္ခများ၏ နောက်ဆက်တွဲအကျိုးဆက်များကို ခန့်မှန်းရန် ခက်ခဲကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ရုရှား၊မော်စကိုရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ပူတင်က ပဋိပက္ခတွင် တိုက်ရိုက်ပါဝင်ပတ်သက်နေသူများပင်လျှင် ယုံကြည်စိတ်ချရသော ခန့်မှန်းချက်များကို မထုတ်ပြန်နိုင်ကြကြောင်း၊ ထို့ကြောင့် ရုရှားအနေဖြင့် ရှေ့ဆက်ဖြစ်ပေါ်လာမည့်အခြေအနေများကို အကဲဖြတ်ရန်မှာ ပို၍ပင်ခက်ခဲကြောင်း ထည့်သွင်းပြောကြားခဲ့သည်။



