မန်ချက်စတာယူနိုက်တက်အသင်းဟာ ရာသီကုန်ရင် ကာဆယ်ကွင်းလယ်ကစားသမား တိုနာလီကို ကမ်းလှမ်းမှုပြုလုပ်တော့မှာဖြစ်ပါတယ်။
Daily Mail သတင်းစာရဲ့အဆိုအရ တိုနာလီဟာ ဝါတန် ၊ အန်ဒါဆန် တို့ထက်တောင် ပိုပြီး ယူနိုက်တက်ရဲ့ထိပ်တန်းပစ်မှတ်ဖြစ်လာနိုင်ပါတယ်။
ရာသီကုန်မှာ ထွက်ခွာဖို့ရှိနေတဲ့ ကက်စမဲရိုး၊အသက် အရအကျပိုင်းရောက်လာတဲ့ ဖာနန်ဒက်စ်တို့ရဲ့ နေရာအတွက် မန်ယူနိုက်တက်က ကွင်းလယ်ကစားသမားတွေ ရှာဖွေနေပါတယ်။



