back

ထိုင်းနိုင်ငံ၊ပတ္တယားတွင် မြန်မာလုပ်သားများအပါအဝင် နိုင်ငံခြားသားအလုပ်သမား ၁၄၆ ဦး ဖမ်းဆီးခံရမှုဖြစ်ပွား

Mar 27 • 2:44 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ၊ပတ္တယားတွင် မြန်မာလုပ်သားများအပါအဝင် နိုင်ငံခြားသားအလုပ်သမား ၁၄၆ ဦး ဖမ်းဆီးခံရမှုဖြစ်ပွား

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ပတ္တယားမြို့တွင် မြန်မာအလုပ်သမား ၆၃ ဦးအပါအဝင် နိုင်ငံခြား သားအလုပ်သမား ၁၄၆ ဦးကို ချွန်ဘူရီခရိုင် လ၀ကရဲတပ်ဖွဲ့က ဖမ်းဆီး ခဲ့ကြောင်း ...

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ပတ္တယားမြို့တွင် မြန်မာအလုပ်သမား ၆၃ ဦးအပါအဝင် နိုင်ငံခြား သားအလုပ်သမား ၁၄၆ ဦးကို ချွန်ဘူရီခရိုင် လ၀ကရဲတပ်ဖွဲ့က ဖမ်းဆီး ခဲ့ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြချက်အရသိရသည်။မတ် ၁၆ ရက်မှ ၂၂ ရက် အတွင်းပတ္တယားရှိ တရားမဝင်နိုင်ငံခြားသားလုပ်သားများကို နှိမ်နင်းခဲ့ရာ လူပေါင်း၁၄၆ ဦးကို ဖမ်းဆီးခဲ့ပြီး ဗီဇာ ၂၅၀ကို ပယ်ဖျက်ခဲ့ပြီး တရားမဝင်နိုင် ငံခြားသားလုပ်သားများကို ဖမ်းဆီးမှုများ၊ဗီဇာပယ်ဖျက်မှုများနှင့် နာမည်ပျက် စာရင်း သွင်းခြင်း (Blacklist) တို့ကိုဆက်လက်အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။မတ် ၂၄ ရက်တွင် ချွန်ဘူရီခရိုင်လ၀ကတပ်ဖွဲ့သည် ပတ္တယားနှင့် အနီးတစ်ဝိုက်တွင် တရားမဝင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားလုပ်သားများအား နှိမ်နင်းသည့် စစ်ဆင်ရေးရလဒ်ကို ပူးတွဲကြေညာခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းက ဖော်ပြသည်။အဓိကပြစ်မှုများမှာ အလုပ်လုပ်ကိုင်ခွင့်မရှိဘဲ လုပ်ကိုင်ခြင်း ၉၈မှုနှင့် ခွင့်ပြုချက် ပြင်ပတွင် လုပ်ကိုင်ခြင်း ၄၉ မှုတို့ဖြစ်သည်။ တရားမဝင်လုပ်ကိုင်နေသည့် အလုပ်များတွင်လမ်းဘေး ဈေးရောင်းခြင်း ၃၆ မှု၊ဆံပင်ညှပ်ခြင်း တစ်မှုနှင့် စာရေး တစ်မှု ကဲ့ သို့ တားမြစ်ထားသော အလုပ်များပါဝင်နေပြီး အခြားအလုပ်များမှာဆိုင်အကူ ၄၄ မှု၊ အလုပ်သမား ၃၆ မှု၊ စား သောက်ဆိုင်လုပ်သားခြောက်မှုနှင့် အခြားအထွေထွေအလုပ် ၂၈ မှုတို့ဖြစ်ကြောင်း သိရသည်။



news-view-count-icon

12