တရုတ်နိုင်ငံ၌ “ဘဏ္ဍာရေးအရင်းအမြစ်နှင့် ဉာဏ်ပညာကို ပေါင်းစည်း၍ ကမ္ဘာ့တောင်ဘက်ခြမ်းကို လင်းလက်စေခြင်း” ဟူသော ခေါင်းစဉ်ဖြင့် ၂၀၂၆ ခုနှစ် ကမ္ဘာ့တောင်ဘက်ခြမ်း ဘဏ္ဍာရေးပညာရှင်များဖိုရမ်ကို မတ် ၂၅ ရက်မှ ၂၆ ရက်အထိ ပေကျင်းမြို့၌ ကျင်းပခဲ့သည်။ပေကျင်းမြို့ ဒုတိယမြို့တော်ဝန် စွန်းဆော့က ဘဏ္ဍရေးလုပ်ငန်းသည် ပေကျင်း၏ မဏ္ဍိုင်လုပ်ငန်းများ အနက် တစ်ခုဖြစ်ကြောင်း၊ ပေကျင်းအနေဖြင့် အဆင့်မြင့်တံခါးဖွင့်လှစ်ရေးကို အစဉ်အမြဲလက်ကိုင်ထားပြီး ကမ္ဘာ့တောင်ဘက်ခြမ်း၏ ဘဏ္ဍာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအလားအလာကို တက်ကြွစွာ တိုးချဲ့သွားမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် လုပ်ငန်းလည်ပတ်မှုပတ်ဝန်းကျင်ကို ဆက်လက်၍ ပိုမိုကောင်းမွန်စေခြင်း၊ သိပ္ပံနည်းပညာနှင့် ဘဏ္ဍာရေးဖလှယ်မှုများကို အားဖြည့်ခြင်း၊ အစိမ်းရောင်ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင်ခြင်း၊ ဘဏ္ဍာရေးကဏ္ဍ အဆင့်မြင့် တံခါးဖွင့်လှစ်မှုကို နက်ရှိုင်းစေခြင်း စသည့်နယ်ပယ်များတွင် ဆက်လက်၍ အားထုတ်ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 


