အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရှိ ခရိုင်အသီးသီးကနေ ရခိုင်ပြည်နယ်ကို စက်သုံးဆီတင်သွင်းမှု ၂ လ ပိတ်ပင်လိုက်တယ်လို့ အိန္ဒိယရောက် ရခိုင်ကုန်သည်တွေက ပြောပါတယ်။ရခိုင်ကုန်သည်တွေ အဓိက စက်သုံးဆီ ဝယ်ယူနေကြတဲ့ နယ်စပ်မြို့တွေဖြစ်တဲ့ ဆိုင်းဟာနဲ့ လုံးလေ ခရိုင်အတွင်းက မြန်မာနိုင်ငံဘက်ကို ခွင့်ပြုချက်မဲ့ စက်သုံးဆီ ရောင်းချမှုနဲ့ သယ်ယူမှုတွေကို ၂ လ ပိတ်ပင်လိုက်ပြီး လိုက်နာမှုမရှိပါက ၂၀၂၃ ခုနှစ်က အတည်ပြုထားတဲ့ BNSS ပုဒ်မ ၁၆၃ အရ အရေးယူသွားမယ်လို့လည်း ခရိုင်တရားရုံးတွေနဲ့ အုပ်ချုပ်ရေးမှူးတွေက လက်မှတ်ထိုးပြီး အမိန့်စာ ထုတ်ပြန်ထားပါတယ်။အခု အမိန့်ထုတ်ပြန်ချက်တွေဟာ မတ် ၂၀ ရက်မှ ဧပြီလ ၂၀ ရက်အထိ အကျုံးဝင်ပြီး ခရိုင်အတွင်း စက်သုံးဆီ သိုလောင်ခွင့်မရှိတဲ့သူတွေ အနေနဲ့လည်း ဓာတ်ဆီ လီတာ ၅၀၀ နဲ့ ရေနံဆီ လီတာ ၁,၀၀၀ ထက်ပိုပြီး သိမ်းဆည်းထားခွင့် မရှိဘူးလို့ ဆိုင်းဟာခရိုင် အုပ်ချုပ်ရေးမှူးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Mar 27 • 1:19 AM
Myanmar
Rakhine
Share
| 35 | 0 | 0 | 0 |


