back

အရှေ့အလယ်ပိုင်းပဋိပက္ခများပိုမိုနက်ရှိုင်းလာချိန် G7 နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံခဲ့

Mar 26 • 9:00 AM

breaking-news

Myanmar

International

cover

အရှေ့အလယ်ပိုင်းပဋိပက္ခများပိုမိုနက်ရှိုင်းလာချိန် G7 နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံခဲ့

အီရန်စစ်ပွဲနဲ့ ယူကရိန်းစစ်ပွဲတွေ၊ စီးပွားရေးမရေရာမှုတွေနဲ့ မရေမရာမှုတွေ တိုးပွားလာပြီး ခန့်မှန်းရ ခက်ခဲတဲ့ အမေရိကန်နိုင်ငံခြားရေး မူဝါအတွက် စိုးရိမ်မှုတွေ မ...

အီရန်စစ်ပွဲနဲ့ ယူကရိန်းစစ်ပွဲတွေ၊ စီးပွားရေးမရေရာမှုတွေနဲ့ မရေမရာမှုတွေ တိုးပွားလာပြီး ခန့်မှန်းရ ခက်ခဲတဲ့ အမေရိကန်နိုင်ငံခြားရေး မူဝါအတွက် စိုးရိမ်မှုတွေ မြင့်မားနေချိန်မှာ ကမ္ဘာ့ထိပ်တန်း အနောက်တိုင်းဒီမိုကရေစီ နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေဟာ အခုသီတင်းပတ်အတွင်း ပြင်သစ်နိုင်ငံမှာ တွေ့ဆုံကြမှာဖြစ်ကြောင်း ဖော်ပြပါတယ်။ ပါရီမြို့ အနောက်တောင်ဘက် ကီလိုမီတာ ၄၀ အကွာရှိ ပြန်လည်ထိန်းသိမ်းပြုပြင်ထားတဲ့ ၁၂ ရာစု Abbaye des Vaux-de-Cernay မှာ ပြုလုပ်မဲ့ နှစ်ရက်ကြာ ဆွေးနွေးပွဲမှာ ဥရောပသမဂ္ဂနဲ့အတူ ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတွေ ပါဝင်ကြမှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၅၀ ခန့်က ပထမဆုံးအဖြစ် ၆ နိုင်ငံတွေ့ဆုံခဲ့တဲ့ ဒီအဖွဲ့ဟာ ၂၀၂၅ ခုနှစ်မှာ အမေရိကန်သမ္မတအဖြစ် ဒေါ်နယ်ထရမ့် ပြန်လည် တာဝန်ထမ်းဆောင်ပြီးကတည်းက စည်းလုံးညီညွတ်မှု ပြိုကွဲသွားခဲ့ပါတယ်။အခွန်ကောက်ခံမှုနဲ့ယူကရိန်းပဋိပက္ခကနေ အခုအခါ အရှေ့အလယ်ပိုင်းပဋိပက္ခအထိ အမေရိကန်ရဲ့ ရုတ်တရက် မူဝါဒပြောင်းလဲမှုတွေကို မဟာမိတ်တွေရော ရန်သူတွေပါ ပြီးခဲ့တဲ့နှစ်က တုံ့ပြန်ရုန်းကန်နေခဲ့ကြပြီး ရှင်းလင်းတဲ့ ရည်မှန်းချက်တွေ ဒါမှမဟုတ် ထွက်ခွာရေးဗျူတွေဟာ မရှိသေးဘူးလို့ ဥရောပသံတမန်တွေနဲ့ အရာရှိတွေက ပြော ပါတယ်။ ခန့်မှန်းမရနိုင်တဲ့ ဝါရှင်တန်ရဲ့မူဝါဒက မဟာမိတ်တွေရဲ့ အကျိုးစီးပွားနဲ့လုံခြုံရေးကို ထိခိုက်နေတယ်လို့ ပြင်သစ် စစ်တပ်အကြီးအကဲက မတ်၂၅ ရက်က ညည်းညူပြောကြားခဲ့ပါတယ်။

news-view-count-icon

8