back

၂၄ နာရီအတွင်း မောင်းသူမဲ့လေယာဉ် ၁,၀၀၀ နီးပါးသုံး၍ ယူကရိန်းကို ရုရှားတိုက်ခိုက်

Mar 26 • 6:33 AM

breaking-news

Myanmar

International

cover

၂၄ နာရီအတွင်း မောင်းသူမဲ့လေယာဉ် ၁,၀၀၀ နီးပါးသုံး၍ ယူကရိန်းကို ရုရှားတိုက်ခိုက်

ရုရှားနိုင်ငံသည် လေးနှစ်ကျော်အကြာယူကရိန်း စစ်ပွဲကာလအတွင်း အပြင်းထန်ဆုံး လေကြောင်းတိုက်ခိုက်မှုတစ်ခုကို ပြီးခဲ့သည့် ၂၄ နာရီအတွင်း ပြုလုပ်ခဲ့ကြောင်း ယူကရိန်းစစ်ဘက...

ရုရှားနိုင်ငံသည် လေးနှစ်ကျော်အကြာယူကရိန်း စစ်ပွဲကာလအတွင်း အပြင်းထန်ဆုံး လေကြောင်းတိုက်ခိုက်မှုတစ်ခုကို ပြီးခဲ့သည့် ၂၄ နာရီအတွင်း ပြုလုပ်ခဲ့ကြောင်း ယူကရိန်းစစ်ဘက်ကမတ် ၂၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ယင်းအပြင် ရုရှားတပ်များအနေဖြင့် ရှေ့တန်းစစ်မြေပြင်များသို့ လက်နက်လူသူများ ရွှေ့ပြောင်းလျက်ရှိရာ ထိုးစစ်သစ်တစ်ခု စတင်တော့မည့်လက္ခဏာဖြစ်နိုင်ကြောင်း ယူကရိန်းစစ်ဘက်ကသုံးသပ်ထားသည်။ရုရှားနိုင်ငံအနေဖြင့် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ယူကရိန်းနိုင်ငံကို ရှာဟက်ဒ်အမျိုးအစား မောင်းသူမဲ့လေယာဉ်များအပါအဝင် မောင်းသူမဲ့လေယာဉ် ၉၄၈ စင်း စေလွှတ်တိုက်ခိုက်ခဲ့ ကြောင်းယူကရိန်းလေတပ် တာဝန်ရှိသူများက ပြောကြားသည်။ယူကရိန်းလေတပ်အနေဖြင့် မတ် ၂၂ ရက်တွင် ရုရှားမောင်းသူမဲ့လေယာဉ် ၃၉၂ စင်းကို ရင်ဆိုင်ခဲ့ရပြီး မတ် ၂၃ ရက် ညနေပိုင်းတွင် ရုရှားမောင်းသူမဲ့လေယာဉ် ၅၅၆ စင်းကို ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။အဆိုပါ ရုရှားမောင်းသူမဲ့လေယာဉ် ၁၀၀၀နီးပါးအနက် ၉၀၆ စင်းကို အီလက်ထရွန်နစ်စစ် ဆင်ရေးစနစ်များဖြင့် ကြားဖြတ်တားဆီးနိုင်ခဲ့ရာ ကြားဖြတ်တားဆီးနိုင်မှုနှုန်း ၉၅ ဒသမ ၅ ရာခိုင်နှုန်းအထိရှိခဲ့ကြောင်း ယူကရိန်းလေတပ် တာဝန်ရှိသူများက ထုတ်ဖော် ပြောကြား ထားသည်။


news-view-count-icon

17