ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ နမ်ဆာကျေးရွာက နေရပ်ပြန်ပြည်သူတွေအတွက် နေရာထိုင်ခင်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအကူအညီတွေလိုအပ်နေတယ်လို့ နေရပ်စွန့်ခွာတာဝန်ခံတွေဆီကနေ သိရပါတယ်။နမ်ဆာကျေးရွာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကရောက်ရှိလာကြတဲ့ အိမ်ခြေ ၅၀ ကျော်နဲ့ မတ်လ ၁၈ရက်နေ့ ပြန်လည်ရောက်ရှိလာကြတဲ့ အိမ်ခြေ ၂၁ အိမ်၊ စုစုပေါင်း အိမ်ခြေ ၇၀ ကျော်နဲ့ လူဦးရေ ၃၀၀ ဝန်းကျင်ပြန်လည်ရောက်ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ဒါပေမယ့် ဆယ်စုနှစ်ကျော်စွန့်ခွာခဲ့ရတဲ့ ရွာဖြစ်တာကြောင့် နေအိမ်တွေ အကုန်ပျက်စီး ယိုယွင်းသွားခဲ့ပြီဖြစ်တဲ့အတွက် နေအိမ်တွေပြန်ဆောက်ဖို့ သွပ်၊ မိုးကာ အကူအညီတွေ လိုအပ်နေတယ်လို့ တာဝန်ခံတစ်ဦးက ပြောပြပါတယ်။“တဲအိမ်တွေဆောက်တဲ့နေရာမှာတော့ ကျွန်တော်တို့တောရွာမှာက သစ်၊ ဝါးတွေက အဆင်ပြေသလို ခုတ်ယူလို့ရတယ် ပိုက်ဆံပေးစရာမလိုဘူး ။ ဒါပေမယ့်လည်း အမိုးအတွက် သွပ်မရရင်တောင် ပလပ်စတစ် မိုးကာတွေ ကူညီပေးဖို့ တောင်းဆိုချင်တာပေါ”လို့ဆိုပါတယ်။
ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ နမ်ဆာကျေးရွာက နေရပ်ပြန်ပြည်သူတွေအတွက် နေရာထိုင်ခင်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအကူအညီများ လိုအပ်နေ
Mar 26 • 3:25 AM
Myanmar
Kachin
Share
| 7 | 0 | 0 | 0 |


