မွန်ပြည်နယ်အတွင်းက တောင်သူများ သီးနှံစိုက်ပျိုးရန်နှင့် ရိတ်သိမ်းရန်အတွက်စက်သုံးဆီကန့်သတ်ချက်များကြောင့် စက်သုံးဆီဝယ်ယူရရှိရန် ခက်ခဲသည့်အတွက် အခက်အခဲကြုံတွေ့နေရသည်ဟု တောင်သူများထံမှ သိရသည်။တောင်သူများအနေဖြင့် စက်သုံးဆီကို ပြင်ပဈေးကွက်တွင် ဈေးနှစ်ဆ၊ သုံးဆပေးပြီး ဝယ်ယူအသုံးပြုနေကြရကြောင်း ယခုနောက်ပိုင်းတွင်လည်း ပြင်ပဈေးကွက်တွင် စက်သုံးဆီဝယ်ယူရရှိရန် ခက်ခဲလာကြောင်း ဆိုသည်။စက်သုံးဆီ ခက်ခဲချိန်တွင် တောင်သူများအတွက် ထောက်ခံစာဖြင့် စက်သုံးဆီ ဝယ်ယူရရှိနိုင်သည်ဆိုပြီး ညွှန်ကြားချက်ထားသော်လည်း အရောင်းဆိုင်များက ပုံးဖြင့်ဆို၍ မရောင်းပေးကြကြောင်း တောင်သူတို့က ပြောသည်။
| 6 | 0 | 0 | 0 |


