နှင်းဆီအဖွဲ့သားများကသူတို့ ပထမဆုံးပြန်လည်ကပြဖျော်ဖြေခဲ့တဲ့ နှင်းဆီပွင့်မယ့်နေ့ ဇာတ်ပွဲကနေ ရရှိလာတဲ့ ငွေတွေထဲမှသိန်း500ကိုထပ်မံလှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ နှင်းဆီအဖွဲ့သားများဟာ ယခုလက်ရှိမှာ ၄ ယောက်နဲ့သာ ဆက်လက်ကပြဖျော်ဖြေနေတာဖြစ်ပါတယ်။ ရုပ်ရှင်အစည်းအရုံးရဲ့ နှစ် ၈၀ ပြည့်ပွဲမှာ သူတို့ရရှိခဲ့တဲ့ အနုပညာကြေးတွေကို ပြန်လည်လှူဒါန်းခဲ့တာလည်းဖြစ်ပါတယ်။



