back

မြန်မာ့ရိုးရာ သင်္ကြန်ကာလ ရေပက်ခံကားများဖြင့် ရေပက်ကစားခြင်း မလုပ်ရန် စီမံထား

Mar 26 • 2:43 AM

breaking-news

Myanmar

Local

cover

မြန်မာ့ရိုးရာ သင်္ကြန်ကာလ ရေပက်ခံကားများဖြင့် ရေပက်ကစားခြင်း မလုပ်ရန် စီမံထား

မြန်မာနှစ်သစ်ကူးအတာသင်္ကြန်ကာလအတွင်း နိုင်ငံတစ်ဝန်းမှာ လမ်းလျှောက်သင်္ကြန်ပွဲတော်တွေကို ဦးစားပေး ဆောင် ရွက်သွားမှာ ဖြစ်ပြီး အလှပြယာဉ်တွေ ရေပက်ခံကားတွေနဲ့ ရေပက်က...

မြန်မာနှစ်သစ်ကူးအတာသင်္ကြန်ကာလအတွင်း နိုင်ငံတစ်ဝန်းမှာ လမ်းလျှောက်သင်္ကြန်ပွဲတော်တွေကို ဦးစားပေး ဆောင် ရွက်သွားမှာ ဖြစ်ပြီး အလှပြယာဉ်တွေ ရေပက်ခံကားတွေနဲ့ ရေပက်ကစားခြင်း မပြုလုပ်ကြဖို့ စီမံထားရှိတယ်လို့ နိုင်ငံပိုင် သတင်းဌာနကတစ်ဆင့် ကြေညာထားပါတယ်။နေပြည်တော်မှာတော့ လမ်းလျှောက်သင်္ကြန်ပွဲတော်တွေကို နေပြည်တော်ရင်ပြင်၊ ပျဉ်းမနား၊ တပ်ကုန်း၊ လယ်ဝေးမြို့ တွေမှာ လည်းကောင်း၊ ရန်ကုန်မြို့မှာတော့ ပြည်သူ့ရင်ပြင်၊ ဦးဝိစာရအဝိုင်းကနေ အလုံလမ်းတစ်လျှောက်၊ မြို့တော် ခန်းမရှေ့ နဲ့ ခရိုင်၊ မြို့နယ်တွေမှာ လည်းကောင်း၊ မန္တလေးမြို့မှာတော့ နန်းမြို့ ကျုံးပတ်ပတ်လည်၊ မိတ္ထီလာကန်ပတ် ပတ်လည် နဲ့ ခရိုင်၊ မြို့နယ်တွေမှာ လည်းကောင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။အလားတူ အခြား တိုင်းဒေသကြီး နဲ့ ပြည်နယ်တွေမှာလည်း လမ်းလျှောက်သင်္ကြန်ပွဲ တော်ကို ကျင်းပမှာ ဖြစ်ပါတယ်။

news-view-count-icon

26