back

ဆီဈေးမြင့်တက်လာမှုကြောင့် မန္တလေး-မြစ်ကြီးနား ကားခ‌ ဈေးတက်

Mar 25 • 1:06 PM

breaking-news

Myanmar

Kachin

cover

ဆီဈေးမြင့်တက်လာမှုကြောင့် မန္တလေး-မြစ်ကြီးနား ကားခ‌ ဈေးတက်

ပြီးခဲ့တဲ့ မတ်လပထမပတ်ကစပြီး မန္တလေးကနေ မြစ်ကြီးနားအထိကားခ တစ်ယောက်လျှင်ကျပ်၂သိန်းခွဲပေးရပြီး အေဒီဘင်ကားနဲ့ သွားမယ်ဆိုရင်တော့ တယောက် ၅သိန်းကျပ်အထိ ပေးရတယ်လို့ ခရ...

ပြီးခဲ့တဲ့ မတ်လပထမပတ်ကစပြီး မန္တလေးကနေ မြစ်ကြီးနားအထိကားခ တစ်ယောက်လျှင်ကျပ်၂သိန်းခွဲပေးရပြီး အေဒီဘင်ကားနဲ့ သွားမယ်ဆိုရင်တော့ တယောက် ၅သိန်းကျပ်အထိ ပေးရတယ်လို့ ခရီးသွားပြည်သူအမျိုးသားတစ်ဦးကပြောပါတယ်။ပြီးခဲ့တဲ့ မတ်လအစပိုင်းမှာဖြစ်ပွားခဲ့တဲ့ အီရန်နဲ့ အစ္စရေး စစ်ပွဲကြောင့် အာရှနိုင်ငံတော်တော်များများ ဆီပြတ်လပ်မှုတွေ ကြုံတွေ့ခဲ့ရပါတယ်။ အီရန်- အစ္စရေး ပဋိပက္ခတွေမဖြစ်ပွါးခင်ဖေဖော်ဝါရီလအထိ မန္တလေး-မြစ်ကြီးနား ကားခဟာ ၁သိန်း၃သောင်းကျပ်သာရှိခဲ့တယ်လို့လည်း သတင်းရင်းမြစ် ခရီးသွားပြည်သူအမျိုးသားတစ်ဦးကပဲ ဆက်ပြောပါတယ်။မန္တလေးကနေ မြစ်ကြီးနားကို ခရီးပြေးဆွဲနေတဲ့ ကားဆရာတစ်ဦးကလည်း စက်သုံးဆီဈေးနှုန်းမြင့်မားမှုအပြင် လမ်းခရီးမှာ ဗျူဟာကားလမ်းမကြီးအတိုင်း မဖြတ်သန်းရဘဲ ကွင်းလမ်းကိုသာအသုံးပြုသွားလာရတဲ့အတွက် ကားပျက်စီးမှုတွေကြုံရတာကြောင့် ကားခကိုပိုဈေးတင်တာလို့ ပြောပါတယ်။ 




news-view-count-icon

4