၂၀၃၀ ခုနှစ်တွင် ငှက်ဖျားကူးစက်မှု လုံးဝမရှိစေရန် Nation al Malaria Strategic Plan 2026-2030 အသစ်ရေးဆွဲပြီး ကပ်ရောဂါအသွင်ဖြစ်ပွားမှုကို တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံက သိရသည်။ယင်းနှင့်ပတ်သက်သည့် အစည်းအဝေးကို မတ်လ (၁၈)ရက်က နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားစဥ် ထို့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။၂၀၂၅ခုနှစ်အတွင်း ခြင်မှတစ်ဆင့် ကူးစက်တတ်သော ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊ ဆင်ခြေထောက်၊ ဂျပန်ဦးနှောက်ရောင်နှင့် ချီကန်ဂန်ညာအစရှိသည့် ရောဂါများကာကွယ်နှိမ်နှင်းရေး (၁) နှစ်တာကာလလုပ်ငန်းဆောင်ရွက်မှုများကိုလည်း ဆွေးနွေးခဲ့ကြသည်။
၂၀၃၀ ခုနှစ်တွင် ငှက်ဖျားကူးစက်မှု လုံးဝမရှိစေရန် Natio nal Malaria Strategic Plan 2026-2030 အသစ်ရေးဆွဲဆောင်ရွက်မည်
Mar 25 • 6:29 AM
Myanmar
Local
Share
| 16 | 0 | 0 | 0 |


