တောင်ကိုရီးယား ဟွာဆောင်မြို့ရှိ စက်ရုံတစ်ခုတွင် မြန်မာလုပ်သားတစ်ဦး စက်ညှပ်၍ မတော်တဆကွယ်လွန်

Mar 25 • 6:14 AM

breaking-news

South Korea

Local News

cover

တောင်ကိုရီးယား ဟွာဆောင်မြို့ရှိ စက်ရုံတစ်ခုတွင် မြန်မာလုပ်သားတစ်ဦး စက်ညှပ်၍ မတော်တဆကွယ်လွန်

တောင်ကိုရီးယားနိုင်ငံ၊ ဟွာဆောင်မြို့၊ မာဒိုမြောင်ရှိ စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၃၃ နှစ်အရွယ် မြန်မာလုပ်သား ဦးစန်းယုသည် ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် န...

တောင်ကိုရီးယားနိုင်ငံ၊ ဟွာဆောင်မြို့၊ မာဒိုမြောင်ရှိ စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၃၃ နှစ်အရွယ် မြန်မာလုပ်သား ဦးစန်းယုသည် ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် နေလယ်ပိုင်းက အလုပ်လုပ်ကိုင်နေစဉ် စက်ညှပ်မှုကြောင့် ရုတ်တရက် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။ ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့ဇာတိဖြစ်သူ ၎င်းအား ၁၁၉ အရေးပေါ်အကူအညီဖြင့် ဆူဝါန်အာဂျုတက္ကသိုလ်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သော်လည်း ရရှိထားသော ဒဏ်ရာမှာ ပြင်းထန်လွန်းသဖြင့် အသက်မမီခဲ့ခြင်းဖြစ်သည်။ ကွယ်လွန်သူ ဦးစန်းယုတွင် ဇနီးနှင့် ကလေးနှစ်ဦး ကျန်ရစ်ခဲ့ပြီး ကျန်ရစ်သူမိသားစုထံ အကြောင်းကြားထားပြီးဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

3