back

မြန်မာ့လက်ရွေးစင်ကစားသမားဟောင်းနှင့် နည်းပြဟောင်း ဦးတင်မြင့်အောင်၏ ဈာပနအခမ်းအနားကို ယနေ့ ရေဝေးသုဿာန်တွင် ပြုလုပ်

Mar 25 • 6:13 AM

breaking-news

Myanmar

Yangon

cover

မြန်မာ့လက်ရွေးစင်ကစားသမားဟောင်းနှင့် နည်းပြဟောင်း ဦးတင်မြင့်အောင်၏ ဈာပနအခမ်းအနားကို ယနေ့ ရေဝေးသုဿာန်တွင် ပြုလုပ်

မြန်မာ့ဘောလုံးလောက၏ ဂန္ထဝင်ကစားသမားတစ်ဦးနှင့် နည်းပြတစ်ဦးဖြစ်သူ ဦးတင်မြင့်အောင်၏ နောက်ဆုံးခရီး ဈာပနအခမ်းအနားကို ယနေ့ (မတ်လ ၂၅ ရက်) တွင် ရန်ကုန်မြို့၊ ရေဝေးသုဿာန...

မြန်မာ့ဘောလုံးလောက၏ ဂန္ထဝင်ကစားသမားတစ်ဦးနှင့် နည်းပြတစ်ဦးဖြစ်သူ ဦးတင်မြင့်အောင်၏ နောက်ဆုံးခရီး ဈာပနအခမ်းအနားကို ယနေ့ (မတ်လ ၂၅ ရက်) တွင် ရန်ကုန်မြို့၊ ရေဝေးသုဿာန်၌ ကျင်းပပြုလုပ်ခဲ့သည်။ ဦးတင်မြင့်အောင်သည် အသည်းကင်ဆာရောဂါဖြင့် ၂၀၂၆ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့တွင် အသက် ၅၉ နှစ်အရွယ်၌ ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ကစားသမားဘဝတွင် မြန်မာ့လက်ရွေးစင်အသင်းအတွက် အားထားရသည့် နောက်ခံလူတစ်ဦးဖြစ်ခဲ့သလို၊ နည်းပြဘဝတွင်လည်း မြန်မာ့လက်ရွေးစင်အသင်းနှင့် ပြည်တွင်းကလပ်အသင်းများကို အောင်မြင်စွာ ကိုင်တွယ်ခဲ့သူတစ်ဦးဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

19