ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်မှာ ဒေသခံအမျိုးသားတစ်ယောက်ဟာ မြေမြှုပ်မိုင်းကို နင်းမိတဲ့အတွက် ခြေတစ်ဘက်ပြတ်ထွက်သွားခဲ့တယ်လို့ သိရပါတယ်။မိုင်းနင်းလို့ ခြေထောက်ပြတ်ထွက်သွားသူကတော့ တောင်ကုတ်မြို့နယ်၊ ဆိပ်ကမ်းသစ်ရွာက ဦးဆန်းဝင်း (၅၃) နှစ်ဖြစ်ပါတယ်။သူဟာ ယမန်နေ့ မတ်လ ၂၄ ရက်၊ မနက် ၃ နာရီလောက်မှာ ဒိုးတောင်အနီး မိုင်းနင်းမိတဲ့အတွက် ဘယ်ဘက်ခြေထောက်ပြတ်ထွက်သွားခဲ့တာပါ။သူသည် "ဂုဏ်ဓန" သင်္ဘောဒေါက်ကျင်းအနီး ချောင်းတဖက်ကမ်း၌ ငါး/ပုဇွန် တာစောင့်၍ မိသားစုနှင့်အတူ နေထိုင်သူဖြစ်သည်ဟုလည်း သိရသည်။ရခိုင်ပြည်တွင် ယခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ နှစ်လအတွင်း မိုင်းနှင့် စစ်ကျန်လက်နက်များပေါက်ကွဲ၍ အရပ်သား အမျိုးသားသုံးဦးသေဆုံးပြီး အမျိုးသမီးတစ်ဦးအပါအဝင် ခြောက်ဦးဒဏ်ရာရသွားခဲ့သည်ဟု သိရသည်။



