back

ရှမ်းပြည်အရှေ့ပိုင်းမိုင်းဆတ်မှ "ဝ" ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကြောင့် နမ့်ခုတ်မြစ်ရေ ညစ်ညမ်းမှုပိုဆိုးလာဟု SHRF သတိပေး

Mar 24 • 5:22 AM

breaking-news

Myanmar

Shan

breaking-news
cover

ရှမ်းပြည်အရှေ့ပိုင်းမိုင်းဆတ်မှ "ဝ" ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကြောင့် နမ့်ခုတ်မြစ်ရေ ညစ်ညမ်းမှုပိုဆိုးလာဟု SHRF သတိပေး

ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်၊ ဝမ်ဟုန်အနီးရှိ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ အသစ်ကြောင့် နမ့်ခုတ်မြစ်ရေ၏ သတ္တုအဆိပ်သင့်မှုကို ပိုမိုဆိုးရွ...

ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်၊ ဝမ်ဟုန်အနီးရှိ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ အသစ်ကြောင့် နမ့်ခုတ်မြစ်ရေ၏ သတ္တုအဆိပ်သင့်မှုကို ပိုမိုဆိုးရွားလာစေသည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် - Shan Human Rights Foundation-SHRF က ထုတ်ပြန် သတိပေးထားသည်။ယင်းစက်ရုံ၏ တည်နေရာမှာ ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ မယ်ဖလုံဒေသနှင့် နယ်မြေဆက်စပ်လျက်ရှိသည့် ထိုင်းနယ်စပ်မှ ၁၉ ကီလိုမီတာသာကွာ ၀ေးသည်ဟု SHRF ကဖော်ပြထားသည်။ယင်းစက်ရုံကို "၀" က ယမန်နစ် နို၀င်ဘာတွင် စတင်လည်ပတ်ခဲ့သည်ဟု ဆိုသည်။

ယင်းစက်ရုံသည် မိုင်းဆတ်မြို့တောင်ဘက် ၁၀ ကီလိုမီတာအကွာရှိ UWSA တောင်ပိုင်းဌာနချုပ်အဖြစ် ၁၉၉၇ ခုနစ်တွင် ဖွင့်လှစ်ခဲ့သော ၀မ်ဟုန်ကျေးရွာအုပ်စု နမ့်ခုတ် မြစ်တစ်ဘက်ကမ်းတွင်တည်ရှိသည်ဟု ဆိုသည်။လက်ရှိတွင် ၎င်းစက်ရုံသည် ၀မ်ဟုန်ရှိ UWSA လက်အောက်မှ စစ်တပ်စခန်းများ၊ သင်တန်းကျောင်းများနှင့် လက်နက်နှင့် ရာဘာစက်ရုံများအတွက် လျှပ်စစ်ဓာတ်အား ပေးလျက်ရှိသည်။ထိုစီမံကိန်း ဖော်ဆောင်သည့် ကုမ္ပဏီမှာ Wan Hong Natural Energy Co. Ltd ဖြစ်ပြီး လျှပ်စစ် ဓာတ်အား ၃၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်စွမ်းရှိရန် လျာထားကာ ထိုမှတစ်ဆင့် ဝမ်ဟုန်ကိုဖြတ်၍ တာချီလိတ်မြို့သို့ လျှပ်စစ်ဓာတ်အား ပေးပို့ဖြန့်ဖြူးသွားမည် ဖြစ်သည်ဟု ဆိုသည်။

ဒေသခံများ၏ ပြောကြားချက်အရ အလုပ်သမား ၁၅၀ ခန့်က ဓာတ်အားပေးစက်ရုံကို တည်ဆောက်နေကြပြီး အလုပ်သမားအများစုမှာ ဗမာလူမျိုးများဖြစ်ကာ တရုတ်နည်းပညာရှင်များက တည်ဆောက် ရေးကို ကြီးကြပ်ကြောင်း သိရသည်။ယင်းအတွက် စက်ရုံ၏ အနောက်တောင်ဘက် ၃၅ ကီလိုမီတာအကွာ၊ ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်၊ ဖန် မြို့နယ်နှင့် မျက်နှာချင်းဆိုင်ရှိ မိုင်းတုံမြို့နယ် အရှေ့ဘက်တောင်ကုန်းများပေါ်မှ မဲကင်ကျေးရွာအုပ်စု၊ နားပါကော်ကျေးရွာအနီးရှိ ကွင်းပြင်ကျောက်မီးသွေးတွင်းအသစ်မှ ရယူခြင်းဖြစ်သည်ဟု ဆိုသည်။ ဒေသခံများ၏ ပြောကြားချက်အရ ၁၀ ဘီး ကုန်တင် ယာဉ်ကြီးများဖြင့် ကျောက်မီးသွေးများကို ဓာတ်အားပေးစက်ရုံသို့ နေ့ရောညပါ သယ်ယူပို့ ဆောင်နေကြသည်ဟု သိရသည်။




news-view-count-icon

11