back

စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ အမေရိကန်ဒေါ်လာ ၄၅ သန်းရောင်းချပေးခဲ့

Mar 24 • 4:43 AM

breaking-news

Myanmar

International

cover

စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ အမေရိကန်ဒေါ်လာ ၄၅ သန်းရောင်းချပေးခဲ့

လက်ရှိအခြေအနေများအရ ပြည်ပမှ ဆီပိုမိုတင်သွင်းနိုင်ရေးအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ဈေးကွက်လိုအပ်ချက်အပေါ်  အပြည့်အဝပံ့ပိုးပေးနိုင်ရန် မတ်လ ၂၃ ရက်နေ့တွင...

လက်ရှိအခြေအနေများအရ ပြည်ပမှ ဆီပိုမိုတင်သွင်းနိုင်ရေးအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ဈေးကွက်လိုအပ်ချက်အပေါ်  အပြည့်အဝပံ့ပိုးပေးနိုင်ရန် မတ်လ ၂၃ ရက်နေ့တွင် စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများအား အမေရိကန်ဒေါ်လာ ၄၅ သန်းကို သက်ဆိုင်ရာ ဘဏ်များမှ တစ်ဆင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။ထို့ပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဈေးကွက်လိုအပ်ချက်အရ FX Trading Platform တွင် သွင်းကုန် လုပ်ငန်းရှင်များအတွက် ထိုင်းဘတ် သန်း ၅၀ ကိုလည်းရောင်းချပေးမည်ဖြစ်သည်။ယင်းအပြင် ဗဟိုဘဏ်မှ CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၁,၃၃၉,၃၆၆.၉၉ အား စားသုံးဆီ တင်သွင်းသည့်ကုမ္ပဏီများသို့လည်းကောင်း ရောင်းချပေးခဲ့သည်။

news-view-count-icon

10