back

ဗီယက်နမ်ကျန်းမာရေးဝန်ကြီးဌာနက ကူးစက်ရောဂါ ၉ မျိုးအတွက် မဖြစ်မနေ သီးသန့်ခွဲနေထိုင်ရန်နှင့် နာရီပိုင်းအတွင်း အရေးပေါ်တုံ့ပြန်ရန် အဆိုပြု

Mar 24 • 4:37 AM

breaking-news

Vietnam

Local News

cover

ဗီယက်နမ်ကျန်းမာရေးဝန်ကြီးဌာနက ကူးစက်ရောဂါ ၉ မျိုးအတွက် မဖြစ်မနေ သီးသန့်ခွဲနေထိုင်ရန်နှင့် နာရီပိုင်းအတွင်း အရေးပေါ်တုံ့ပြန်ရန် အဆိုပြု

ဗီယက်နမ်ကျန်းမာရေးဝန်ကြီးဌာနသည် ကူးစက်ရောဂါကာကွယ်ရေးဥပဒေကို အကောင်အထည်ဖော်ရန်အတွက် ကူးစက်ရောဂါ ၉ မျိုးကို မဖြစ်မနေ ဆေးဘက်ဆိုင်ရာ သီးသန့်ခွဲထားရန် (Mandatory Iso...

ဗီယက်နမ်ကျန်းမာရေးဝန်ကြီးဌာနသည် ကူးစက်ရောဂါကာကွယ်ရေးဥပဒေကို အကောင်အထည်ဖော်ရန်အတွက် ကူးစက်ရောဂါ ၉ မျိုးကို မဖြစ်မနေ ဆေးဘက်ဆိုင်ရာ သီးသန့်ခွဲထားရန် (Mandatory Isolation) နှင့် ရောဂါပိုးတွေ့ရှိပြီး နာရီပိုင်းအတွင်း အမြန်ဆုံးတုံ့ပြန်ဆောင်ရွက်သွားမည့် မူကြမ်းတစ်ရပ်ကို တနင်္လာနေ့ (မတ်လ ၂၃ ရက်၊ ၂၀၂၆) တွင် ထုတ်ပြန်လိုက်ပါသည်။ မဖြစ်မနေ သီးသန့်ခွဲထားရမည့် ရောဂါ ၉ မျိုးမှာ ဆုံဆို့နာ (Diphtheria)၊ ကြက်ညှာချောင်းဆိုး (Pertussis)၊ ဝက်သက် (Measles)၊ ဂျာမန်ဝက်သက် (Rubella)၊ အန်သရက် (Anthrax)၊ ဦးနှောက်အမြှေးရောင် (Meningococcal meningitis)၊ လက်ခြေခံတွင်းရောဂါ (HFMD)၊ ရေကျောက် (Chickenpox) နှင့် ပါးချိတ်ရောင် (Mumps) တို့ ဖြစ်ကြသည်။အဆိုပါ မူကြမ်းအရ ရောဂါပိုးရှိသူ၊ သံသယရှိသူ၊ ရောဂါပိုးသယ်ဆောင်လာသူနှင့် ထိတွေ့မှုရှိသူ ဟူ၍ အုပ်စု ၄ စုကို သတ်မှတ်ထားပြီး၊ ရောဂါပိုးတွေ့ရှိပြီး ၃ နာရီအတွင်း သီးသန့်ခွဲထားရမည့်သူများစာရင်းကို ပြုစုရမည်ဖြစ်သည်။ ထို့နောက် ဒေသန္တရအာဏာပိုင်များက ၁ နာရီအတွင်း ဆုံးဖြတ်ချက်ချမှတ်ကာ နောက်ထပ် ၃ နာရီအတွင်း လက်တွေ့အကောင်အထည်ဖော်ရမည်ဖြစ်ရာ စုစုပေါင်း ၇ နာရီအတွင်း လုပ်ငန်းစဉ်များ ပြီးမြောက်ရမည်ဖြစ်သည်။ လိုအပ်ပါက စာသင်ကျောင်းများ၊ ဟိုတယ်များနှင့် စက်ရုံများကို သီးသန့်ခွဲထားရာနေရာများအဖြစ် အသုံးပြုသွားမည်ဖြစ်ပြီး၊ လိုက်နာရန် ပျက်ကွက်သူများကို ရဲတပ်ဖွဲ့၏အကူအညီဖြင့် အဓမ္မခေါ်ယူဆောင်ရွက်သွားမည်ဖြစ်သည်။ ဤတင်းကျပ်သော စည်းမျဉ်းများသည် လူထုအတွင်း ရောဂါကူးစက်ပျံ့နှံ့မှုကို အချိန်နှင့်တစ်ပြေးညီ ထိန်းချုပ်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သံသတွင် ဖော်ပြထားသည်။

news-view-count-icon

7