ကျိုက်ထီးရိုးတောင်တက်ကားခများ တစ်ဦးလျှင် ၂,၀၀၀ ကျပ်စီ ဈေးနှုန်းမြင့်တက်

Mar 24 • 4:13 AM

breaking-news

Myanmar

Mon

cover

ကျိုက်ထီးရိုးတောင်တက်ကားခများ တစ်ဦးလျှင် ၂,၀၀၀ ကျပ်စီ ဈေးနှုန်းမြင့်တက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်သို့ ပြေးဆွဲနေသည့် တောင်တက်ကားခများကို စက်သုံးဆီအခက်အခဲကြောင့် ၂၀၂၆ ခုနှစ်၊ မတ်လ ၂၃ ရက်မှစတင်ကာ...

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်သို့ ပြေးဆွဲနေသည့် တောင်တက်ကားခများကို စက်သုံးဆီအခက်အခဲကြောင့် ၂၀၂၆ ခုနှစ်၊ မတ်လ ၂၃ ရက်မှစတင်ကာ တစ်ဦးလျှင် ၂,၀၀၀ ကျပ်စီ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း သိရသည်။ ယခင်က တောင်တက်ကားခမှာ ခေါင်းခန်း ၉,၀၀၀ ကျပ်နှင့် နောက်ခန်း ၇,၀၀၀ ကျပ် ဖြစ်သော်လည်း ယခုအခါ ခေါင်းခန်း ၁၁,၀၀၀ ကျပ် နှင့် နောက်ခန်း ၉,၀၀၀ ကျပ် သို့ ပြောင်းလဲသွားခြင်းဖြစ်သည်။ စက်သုံးဆီဝယ်ယူရခက်ခဲမှုနှင့် ဈေးနှုန်းမြင့်မားမှုများကြောင့် ကားသမားများ၏ တင်ပြချက်အရ အသင်းမှ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး မတ်လ ၂၂ ရက်က တောင်ပေါ်သို့ ရောက်ရှိနေသည့် ဘုရားဖူးများအတွက်မူ အဆင်းခရီးတွင် ယခင်ဈေးနှုန်းအတိုင်းသာ ကျသင့်မည်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

11