back

တရုတ်နိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်က ပြည်တွင်း စက်သုံးဆီဈေးနှုန်းများအား ယာယီ ထိန်းညှိမှုအစီအမံများ ဆောင်ရွက်

Mar 24 • 1:19 AM

breaking-news

China

Local News

cover

တရုတ်နိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်က ပြည်တွင်း စက်သုံးဆီဈေးနှုန်းများအား ယာယီ ထိန်းညှိမှုအစီအမံများ ဆောင်ရွက်

တရုတ်နိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် (NDRC) က ပြည်တွင်း စက်သုံးဆီဈေးနှုန်းများ ချိန်ညှိပြင်ဆင်မှုများ ပြုလုပ်ပြီးနောက်ပ...

တရုတ်နိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် (NDRC) က ပြည်တွင်း စက်သုံးဆီဈေးနှုန်းများ ချိန်ညှိပြင်ဆင်မှုများ ပြုလုပ်ပြီးနောက်ပိုင်း အမေရိကန်၊ အစ္စရေးနှင့် အီရန် ပဋိပက္ခ သက်ရောက်မှုများ ပို၍ ဆိုးရွားလာရာ ကမ္ဘာ့ဈေးကွက် ရေနံစိမ်းဈေးနှုန်း များစွာ မြင့်တက်လာခဲ့ကြောင်း၊ ကမ္ဘာ့ရေနံဈေးနှုန်းများ ပုံမှန်မဟုတ် မြင့်တက်လာသည့် ရိုက်ခတ်မှုဒဏ်ကို ပြေလျော့စေရန်၊ Downstream User များ၏ ဝန်ထုပ်ဝန်ပိုးကို လျှော့ချရန်၊ စီးပွားရေးတည်ငြိမ်စွာ လည်ပတ်မှုနှင့် လူမှုဘဝများ သေချာစေရန်အလို့ငှာ လက်ရှိ ဈေးနှုန်းသတ်မှတ်ချက် ယန္တရား မူဘောင်အား ထိန်းသိမ်းထားသည့် အခြေခံပေါ်တွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းများအား ယာယီ ထိန်းညှိမှုအစီအမံများ ဆောင်ရွက်လိုက်ကြောင်း မတ် ၂၃ ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။ လက်ရှိဈေးနှုန်းသတ်မှတ်ချက်ယန္တရား၏ တွက်ချက်မှုများအရ မတ် ၂၃ ရက် ညဉ့်သန်းခေါင်ယံ ၂၄ နာရီမှစ၍ ပြည်တွင်း ဓာတ်ဆီ၊ ဒီဇယ်ဆီ ဈေးနှုန်း (စံချိန်မီထုတ်ကုန်) သည် တစ်တန်လျှင် ၂,၂၀၅ ယွမ်၊ ၂,၁၂၀ ယွမ် အသီးသီး တိုးမြှင့်သင့်သော်လည်း ထိန်းညှိပြီးနောက် လက်တွေ့တွင်မူ ၁,၁၆၀ ယွမ်၊ ၁,၁၁၅ ယွမ်သို့ အသီးသီး တိုးမြှင့်လိုက်ကြောင်း သိရသည်။

news-view-count-icon

4