မတ် ၂၃ ရက်ညပိုင်း ၆ နာရီ ကျော်က နေပြည်တော်နဲ့ အနီးတဝိုက်မှာ အင်အားသိသာစွာခံစားရတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ နေပြည်တော်မှာ ရောက်ရှိနေသူတွေကပြောပါတယ်။ '' အဆောက်အဦထဲကနေ ပြေးဆင်းကြတယ်။ တော်တော်ကြမ်းတယ်။ ငလျင်က အသံအရင်လာတာပြီးမှ ဒုန်းဆိုပြီးလှုပ်သွားတာ'' လို့ နေပြည်တော်မှာရှိနေသူတစ်ဦးကပြောပါတယ်။ မဂ္ဂနီကျူ့အားဖြင့် 4.4ပြင်းအားရှိပြီး နေပြည်တော်မှာ ရောက်ရှိနေသူတချို့ကတော့ အင်အားပြင်းထန်းစွာခံစားခဲ့ရတယ်လို့ ပြောပါတယ်။နေပြည်တော်မှာ ငလျင်လှုပ်ခတ်တာကို ကြုံရသူတွေအနေနဲ့ ကိုယ်တွေ့ကြုံအခြေအနေကို မှတ်ချက်ပေးမျှဝေပေးနိုင်ပါတယ်။



