back

အဝေးပြေး ကားလက်မှတ်များလည်း စျေးတက်

Mar 23 • 10:23 AM

breaking-news

Myanmar

Local

cover

အဝေးပြေး ကားလက်မှတ်များလည်း စျေးတက်

အဝေးပြေးယာဉ်လိုင်းများအနေဖြင့် စက်သုံးဆီရရှိရန်အတွက် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းရခြင်း၊ ဆီ အကန့်အသတ်ဖြင့်သာ ရခြင်း အစရှိသည့်အခက်အခဲကြောင့် ယာဉ်လိုင်းမျ...

အဝေးပြေးယာဉ်လိုင်းများအနေဖြင့် စက်သုံးဆီရရှိရန်အတွက် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းရခြင်း၊ ဆီ အကန့်အသတ်ဖြင့်သာ ရခြင်း အစရှိသည့်အခက်အခဲကြောင့် ယာဉ်လိုင်းများအပြည့်အဝ ထွက်နိုင်ခြင်း မရှိသလို လက်မှတ်ခနှုန်းထားများလည်း အချိန်နှင့်အမျှ ပြောင်းလဲ သတ်မှတ်နေရသည့်အခြေအနေ ဖြစ်ကြောင်း သိရသည်။ရန်ကုန်မှ မန္တလေးသွားရန် ကားလက်မှတ်ကို ၅၂၀၀၀ နှင့် ကြိုတင်ဖြတ်ထားသော်လည်း ကားဂိတ်ရောက်မှ ကားလက်မှတ်စျေးမှာ ၆ သောင်းဖြစ်သွားပြီဆိုကာ ၈၀၀၀ ထပ်မံတောင်းခံလိုက်ရကြောင်းနှင့် အလားတူ ကားလက်မှတ် စျေးတက်၍ ကြိုတင်လက်မှတ်ဝယ်သူများ ငွေထပ်တောင်းခံနေရကြောင်း ခရီးသွားလာသူများက လူမှုကွန်ရက်၌ ရေးသားထားကြသည်။လက်ရှိတွင် ရန်ကုန်မှ ကျိုက်ထီးရိုး ခရီးစဉ်မှာ အသွား/အပြန် တဦးလျှင် ယခင် ၄ သောင်းမှ ယခု ၈၀၀၀၀ ကျပ်၊ ချောင်းသာ/ငွေဆောင် အသွား/အပြန် ယခင် ၈ သောင်းမှ ယခု ကျပ်တသိန်း အစရှိသည်ဖြင့် ဈေးတက်နေပြီး ယာဉ်လိုင်းတခုနှင့်တခု အနည်းငယ် စျေးကွာဟနိုင်ကြောင်း သိရသည်။ပြည်တွင်း၌ စက်သုံးဆီ ပြတ်လပ်မှုမရှိစေရန် ရက် ၄၀ စာ စက်သုံးဆီသိုလှောင်ထားပြီး သီလဝါဆိပ်ကမ်းတွင် ဆီချရန် ပြင်နေသည့်သင်္ဘောများရှိသလို နောက်ထပ်လည်း ဆီသင်္ဘော ၁၉ စီး တင်သွင်းမည်ဖြစ်ကြောင်း စစ်ကော်မရှင်က ပြောဆိုထားသော်လည်း လက်ရှိ ရန်ကုန်မြို့မှာပင် စက်သုံးဆီ အကန့်အသတ်နှင့် ရောင်းချရခြင်း၊ ညအိပ်စောင့်ဆိုင်း တန်းစီရသည်အထိ ဖြစ်နေသည်။ 






news-view-count-icon

38