နာပိုလီအသင်းသည် ၂၀၂၄ နွေရာသီတွင် မန်ယူအသင်းမှ ပြောင်းရွှေ့လာပြီးနောက် စီးရီးအေအကောင်းဆုံးကစားသမားဆု ရရှိသည်အထိ ခြေစွမ်းပြနေသည့် စကော့တလန်ကွင်းလယ်လူ စကော့တွမ်မီနေးကို ပရီးမီးယားလိဂ်ကလပ်များ၏ စိတ်ဝင်စားမှုမှ ကာကွယ်ရန်အတွက် အသင်းခေါင်းဆောင်ရာထူးပေးအပ်ကာ စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေသည်။ အသက် ၂၈ နှစ်အရွယ် တွမ်မီနေးသည် အီတလီတွင် အောင်မြင်မှုများရရှိနေသော်လည်း အင်္ဂလန်သို့ ပြန်လည်ပြောင်းရွှေ့လိုသည့် သတင်းများထွက်ပေါ်နေခြင်းကြောင့် နာပိုလီဘက်က အသက် ၃၃ နှစ်အရွယ် လက်ရှိအသင်းခေါင်းဆောင် ဒီလော်ရန်ဇို၏ နေရာတွင် အစားထိုးကာ ရေရှည်ထိန်းသိမ်းရန် ကြိုးပမ်းလာခြင်းဖြစ်ကြောင်း သိရသည်။
Mar 23 • 7:37 AM
Myanmar
International
Share
| 6 | 0 | 0 | 0 |


