ယူအေအီး အမျိုးသား မိုးလေဝသဗဟိုဌာန (NMC) ၏ ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်းတွင် မတည်ငြိမ်သော မိုးလေဝသအခြေအနေများကြောင့် ယနေ့မှစတင်၍ လာမည့် ၆ ရက်တာကာလအတွင်း မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း တနင်္ဂနွေနေ့ (မတ်လ ၂၂ ရက်၊ ၂၀၂၆) တွင် သတိပေးချက် ထုတ်ပြန်ထားပါသည်။ အထူးသဖြင့် ဒူဘိုင်း၊ အဘူဒါဘီ၊ ရှာဂျာ (Sharjah) နှင့် ရပ်စ်အယ်လ်ခိုင်းမား (Ras Al Khaimah) အပါအဝင် မြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသများတွင် မိုးတိမ်တောင်များ ဖြစ်ထွန်းကာ နေရာကွက်ကျား မိုးကြီးနိုင်ပြီး အချို့နေရာများတွင် ရေကြီးရေလျှံမှုများ (Flash floods) ဖြစ်ပေါ်နိုင်သဖြင့် လိမ္မော်ရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားသည်။ လေပြင်းတိုက်ခတ်မှုကြောင့် ဖုန်မှုန့်နှင့် သဲပြာများ လွင့်စင်ကာ လမ်းမြင်ကွင်းများ မသဲမကွဲဖြစ်နိုင်သဖြင့် ယာဉ်မောင်းများ သတိထားမောင်းနှင်ကြရန်နှင့် ချောင်းရိုး၊ မြောင်းရိုးများနှင့် ဝေးဝေးနေကြရန် အာဏာပိုင်များက တိုက်တွန်းထားသည်။ လက်ရှိတွင် ရာသီဥတုအခြေအနေကြောင့် လေကြောင်းခရီးစဉ်အချို့ နှောင့်နှေးကြန့်ကြာမှုများ ရှိနိုင်သဖြင့် ခရီးသွားများအနေဖြင့် မိမိတို့၏ ခရီးစဉ်အခြေအနေကို ကြိုတင်စစ်ဆေးကြရန်နှင့် တရားဝင်သတင်းထုတ်ပြန်ချက်များကိုသာ စောင့်ကြည့်နားထောင်ကြရန် သတင်းတွင် ဖော်ပြထားသည်။
ယူအေအီးနိုင်ငံတွင် ယခုတစ်ပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး မတည်ငြိမ်သော မိုးလေဝသအခြေအနေများ ဆက်လက်ဖြစ်ပေါ်နိုင်
Mar 23 • 6:58 AM
UAE
Local News
Share
| 4 | 0 | 0 | 0 |


