အရှေ့အလယ်ပိုင်းစစ်ရေးပဋိပက္ခနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်မှုတို့ကြောင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ ယခုသီတင်းပတ်အတွင်း သိသိသာသာ မြင့်တက်လာကြောင်း သိရသည်။ ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့ကြီးများတွင် စက်သုံးဆီဈေးနှုန်းများမှာ အမျိုးအစားအလိုက် တစ်လီတာလျှင် ကျပ် ၃,၆၀၀ မှ ကျပ် ၅,၀၀၀ နီးပါးအထိ ရှိနေပြီး မန္တလေးမြို့တွင် ဈေးနှုန်းအမြင့်ဆုံးဖြစ်နေသည်။ ဈေးနှုန်းမြင့်တက်ရုံသာမက စက်သုံးဆီဆိုင်များတွင် မော်တော်ယာဉ်များ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းဝယ်ယူနေရဆဲ ဖြစ်သည်။ လက်ရှိတွင် ပြည်ပမှဆီတင်သွင်းရန် အဓိကလိုအပ်သည့် အမေရိကန်ဒေါ်လာလဲလှယ်နှုန်းမှာလည်း တစ်ဒေါ်လာလျှင် ၄,၃၄၀ ကျပ်ဝန်းကျင်အထိ မြင့်တက်နေကြောင်း သိရှိရပါသည်။
ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ တစ်လီတာလျှင် ကျပ် ၄,၀၀၀ နီးပါးအထိ မြင့်တက်လာပြီး ယာဉ်များတန်းစီဝယ်ယူနေရ
Mar 23 • 4:00 AM
Myanmar
Local
Share
| 17 | 0 | 0 | 0 |


