back

ချွန်ဘူရီ၊ အထပ်သားပြားစက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သား (၂၀၀) နီးပါး အလုပ်ထုတ်ခံရ

Mar 23 • 3:54 AM

breaking-news

Thailand

Local News

cover

ချွန်ဘူရီ၊ အထပ်သားပြားစက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သား (၂၀၀) နီးပါး အလုပ်ထုတ်ခံရ

ထိုင်းနိုင်ငံ၊ ချွန်ဘူရီမြို့ရှိ အထပ်သားပြားစက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၀၀ နီးပါးမှာ စက်ရုံ HR ၏ ညွှန်ကြားချက်ဖြင့် အလုပ်ထ...

ထိုင်းနိုင်ငံ၊ ချွန်ဘူရီမြို့ရှိ အထပ်သားပြားစက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၀၀ နီးပါးမှာ စက်ရုံ HR ၏ ညွှန်ကြားချက်ဖြင့် အလုပ်ထုတ်ခံခဲ့ရကြောင်း သိရသည်။အလုပ်သမားများ၏ ပြောကြားချက်အရ ၎င်းတို့တွင် တရားဝင်အထောက်အထားများရှိသော်လည်း စက်ရုံဘက်မှ ရဲကြေးဟုဆိုကာ တစ်လလျှင် ဘတ် ၁,၀၀၀ အတင်းအကြပ်ဖြတ်တောက်ခြင်း၊ အလုပ်ပုံမှန်မပေးခြင်းတို့အပြင် ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်ထုတ်ပစ်ခဲ့ခြင်းဖြစ်သည်။လက်ရှိတွင် အလုပ်ထုတ်ခံရသူများအနက် ၆၈ ဦးသည် MHAC မဟာမိတ်အဖွဲ့ (ကိုရဲမင်း) ထံ အကူအညီတောင်းခံထားပြီး၊ ထိုင်းအလုပ်သမားဥပဒေအရ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ထုတ်ပယ်မှုအတွက် လုပ်သက်အလိုက် နစ်နာကြေးများ ရရှိနိုင်ရန် MHAC အဖွဲ့က ဥပဒေနှင့်အညီ လိုက်လံကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။

news-view-count-icon

29