back

Myanmar National League II ချင်းလန်းအက်ဖ်စီအသင်းတိုက်စစ်မှူး လှဘုန်းဦးကို မြန်မာလက်ရွေးစင်အသင်းသို့ ခေါ်ယူ

Mar 22 • 6:49 AM

breaking-news

Myanmar

Local

breaking-news
cover

Myanmar National League II ချင်းလန်းအက်ဖ်စီအသင်းတိုက်စစ်မှူး လှဘုန်းဦးကို မြန်မာလက်ရွေးစင်အသင်းသို့ ခေါ်ယူ

Myanmar National League II ချင်းလန်းအက်ဖ်စီအသင်းတိုက်စစ်မှူး လှဘုန်းဦးကို မြန်မာလက်ရွေးစင်အသင်းသို့ ခေါ်ယူလိုက်ကြောင်း သိရသည်။လှဘုန်းဦးသည် Myanmar National Leag...

Myanmar National League II ချင်းလန်းအက်ဖ်စီအသင်းတိုက်စစ်မှူး လှဘုန်းဦးကို မြန်မာလက်ရွေးစင်အသင်းသို့ ခေါ်ယူလိုက်ကြောင်း သိရသည်။လှဘုန်းဦးသည် Myanmar National League II 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ဂိုးသွင်းအများဆုံး ကစားသမားဆုရရှိခဲ့သည့် သူတစ်ဦးဖြစ်ပြီး၊ ထိုသို့ခေါ်ယူမှုသည်မြန်မာလက်ရွေးအသင်း၏ ပထမဆုံးအကြိမ် ပဏာမလူစာရင်းအတွင်းရွေးချယ်ခေါ်ယူခြင်းဖြစ်ကြောင်း နေရှင်နယ်လိဂ်ကော်မတီ၏ အသိပေးချက်အရ သိရသည်။လှဘုန်းဦးသည် ကျောနံပါတ်(၁၁)ကိုဝတ် ဆင်ကစားမည်ဖြစ်ပြီး၊ ၎င်းသည်သွင်းဂိုး (၂၂) ဂိုးသွင်းယူပြီး ချင်းလန်းအသင်း လိဂ်-၂ အမှတ်ပေးချန်ပီယံဖြစ်စေရန် ကူညီပေးနိုင်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။မြန်မာအသင်းသည် မတ်လ (၂၆) ရက်တွင် အာဖဂန်နစ္စတန်၊ မတ်လ (၃၁) ရက်တွင် ပါကစ္စတန်အသင်းတို့နှင့်၂၀၂၇ အာရှဖလားခြေစစ်ပွဲ လက်ကျန်ပွဲစဉ်များယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။

news-view-count-icon

17