အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများ ရှည်ကြာလာပါက ကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက်မှုနှင့်အတူ ထိုင်းဘတ်ငွေတန်ဖိုးသည် အမေရိကန်တစ်ဒေါ်လာလျှင် ၃၄ ဘတ်မှ ၃၅ ဘတ်ဝန်းကျင်အထိ ဆက်လက်ကျဆင်းသွားနိုင်ကြောင်း Kasikorn Research Center က ခန့်မှန်းထုတ်ပြန်လိုက်သည်။ လက်ရှိတွင် ဘတ်ငွေသည် ယခုနှစ်အစမှစတင်ကာ ၄ ရာခိုင်နှုန်းခန့် တန်ဖိုးကျဆင်းသွားခဲ့ပြီး ဒေသတွင်း၌ ကိုရီးယားဝမ်ငွေပြီးလျှင် တန်ဖိုးအကျဆုံး ငွေကြေးအဖြစ် ရပ်တည်နေသည်။ ထို့ပြင် ဟော်မုဇ်ရေလက်ကြားကဲ့သို့ အရေးပါသော ရေကြောင်းလမ်းများ ပိတ်ဆို့ပါက ကမ္ဘာ့ရိက္ခာနှင့် စွမ်းအင်ဈေးနှုန်းများ အဆမတန်မြင့်တက်ကာ စီးပွားရေးနှေးကွေးမှု (Stagflation) အခြေအနေနှင့် ရင်ဆိုင်ရနိုင်ကြောင်း သတိပေးထားပါသည်



