ကယားပြည်မှာ စိုက်ပျိုးထုတ်လုပ်တဲ့ ထွက်ကုန်တွေထဲ ထိုင်းနိုင်ငံကို တင်ပို့ရောင်းချမှုမှာ နှမ်း တမျိုးသာရှိတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ရဲ့ အတွင်းရေးမှူး(၂) ဦးဗညားက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။ ဒီ တင်ပို့မှုက အစိုးရချင်း တရားဝင် တင်ပို့ရောင်းချမှုမျိုးမဟုတ်ဘဲ လုပ်ငန်းရှင်အချင်းချင်းကြားက ရောင်းဝယ်ဖောက်ကားမှုတွေသာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ကရင်နီပြည်မှာရှိတဲ့ စိုက်ပျိုးထွက်ကုန်တွေအနေနဲ့ မီးရှို့စိုက်ပျိုးမှုများတာဟာ အထူးသဖြင့် တောင်ယာစပါးနဲ့ ပြောင်းတွေ ဖြစ်တယ်လို့ ပြောပါတယ်။အခြား ဒေသထွက်ကုန်တွေကိုတော့ ဒေသတွင်းစားသုံးမှု ဖူလုံဖို့သာ စုဆောင်းထားပြီး ကရင်နီပြည်ကနေ တခြားနေရာကို တင်ပို့ရောင်းချတာတွေ မရှိသလောက် ဖြစ်ပါတယ်။ ကရင်နီပြည်ကနေ တင်ပို့ရောင်းချတဲ့ နှမ်း ပမာဏကိုတော့ အတိအကျမတွက်ချက်နိုင်ပေမယ့် တစ်နှစ်ကို တန်ချိန် သောင်းချီ တင်ပို့မှုရှိတယ်လို့ ဦးဗညားက သုံးသပ်ပြောပါတယ်။
ကယားပြည်နယ်ကနေ ထိုင်းနိုင်ငံဖက်ကို တင်ပို့ရောင်းချတဲ့ စိုက်ပျိုးထုတ်ကုန်တွေထဲ နှမ်းတမျိုးသာ ရှိဟုဆို
Mar 22 • 2:56 AM
Myanmar
Kayah
Share
| 8 | 0 | 0 | 0 |


