back

ဝန်ကြီးဖြစ်လိုသူများကိုမုသားဖော်စက်ဖြင့် စစ်ဆေးရန်မဒါဂတ်စကားသမ္မတ စီစဉ်

Mar 22 • 2:52 AM

breaking-news

Myanmar

International

cover

ဝန်ကြီးဖြစ်လိုသူများကိုမုသားဖော်စက်ဖြင့် စစ်ဆေးရန်မဒါဂတ်စကားသမ္မတ စီစဉ်

မဒါဂတ်စကား အစိုးရအဖွဲ့သစ်၌ ဝန်ကြီးအဖြစ် ပါဝင်လိုသူမည်သူမဆို အဂတိလိုက်စားသူ ဟုတ်၊ မဟုတ် သက်သေပြနိုင်ရေးအတွက် မုသားဖော်စက်ဖြင့် စစ်ဆေးမှုခံယူရမည်ဖြစ် ကြောင်းမဒါဂတ...

မဒါဂတ်စကား အစိုးရအဖွဲ့သစ်၌ ဝန်ကြီးအဖြစ် ပါဝင်လိုသူမည်သူမဆို အဂတိလိုက်စားသူ ဟုတ်၊ မဟုတ် သက်သေပြနိုင်ရေးအတွက် မုသားဖော်စက်ဖြင့် စစ်ဆေးမှုခံယူရမည်ဖြစ် ကြောင်းမဒါဂတ်စကားသမ္မတ မိုက်ကယ်ရန်ဒရီရာနီရီနာက မတ်၂၀ရက်တွင် ပြောကြား သည်။သမ္မတမိုက်ကယ်ရန်ဒရီရာနီရီ နာသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်း စစ်ဘက်က အာဏာသိမ်းခဲ့ပြီးနောက် မဒါဂတ်စကား သမ္မတရာထူးရယူခဲ့သည့်စစ်ခေါင်းဆောင် တစ်ဦး ဖြစ်သည်။သမ္မတမိုက်ကယ်ရန်ဒရီရာနီရီနာသည် ပြီးခဲ့သည့်သီတင်းပတ်အတွင်း ၎င်း၏ အစိုးရအဖွဲ့ တစ်ဖွဲ့လုံးကိုဖယ်ရှား၍ မတ် ၁၅ ရက်တွင် ဝန်ကြီးချုပ်သစ်တစ်ဦးရွေးချယ်ခန့်အပ် ထားသည်။အဆိုပါ မဒါဂတ်စကားအစိုးရအဖွဲ့သစ်တွင် ဝန်ကြီးများအဖြစ် ပါ ဝင်လိုသူများအနေဖြင့် အဂတိလိုက်စားတတ်သူဟုတ်၊ မဟုတ်သက်သေခံရန် မုသားဖော်စက်ဖြင့်စစ်ဆေးမှု ခံရ မည်ဖြစ်ပြီး စစ်ဆေးမှုအောင်မြင်မှသာရာထူးခန့်အင်တာဗျူးများတွင် ဆက်လက် ပါဝင် ခွင့်ရမည်ဖြစ်ကြောင်း မဒါဂတ်စကား သမ္မတက ပြောကြားထားသည်။ အစိုးရအဖွဲ့ဝင်ဝန်ကြီးသစ်များကိုအဂတိလိုက်စားသူဟုတ်၊ မဟုတ်သိနိုင်ရေး အတွက် မုသားဖော်စက်တစ်လုံးမှာယူထားပြီး ယင်းစက်ကို ကိုင်တွယ်မည့် ကျွမ်းကျင်သူ တစ်ဦးကိုပါ ခေါ်ယူထားကြောင်း မဒါဂတ်စကားသမ္မတက ပြောကြားထားသည်။ပြီးခဲ့သည့်နှစ်အတွင်း အစိုးရအဖွဲ့၏ ညံ့ဖျင်းအားနည်းမှုများနှင့် ပတ်သက်၍ မကျေမနပ်ဖြစ် နေကြသောလူငယ်များဦးဆောင်သည့် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများ ပေါ် ပေါက်ခဲ့ပြီး နောက် မိုက်ကယ်ရန်ဒရီရာနီရီနာဦးဆောင်သော မဒါဂတ်စကား စစ်ဘက်က အာဏာသိမ်း ယူခဲ့သည်။လာမည့်နှစ်နှစ်အတွင်း ရွေးကောက်ပွဲသစ်များကျင်းပပေးမည်ဖြစ်ကြောင်း အာဏာသိမ်း ပြီးနောက် သမ္မတမိုက်ကယ်ရန်ဒရီရာနီရီနာက ကတိပေးထားသည်။


news-view-count-icon

17