back

ဘားအံမြို့တွင် စက်သုံးဆီအခက်အခဲကြောင့် မြို့ပတ်ယာဉ်လိုင်းနှစ်ခုအား ယာဉ်စီးခ ၁,၀၀၀ ကျပ်ဖြင့် စတင်ပြေးဆွဲ

Mar 22 • 2:44 AM

breaking-news

Myanmar

Kayin

cover

ဘားအံမြို့တွင် စက်သုံးဆီအခက်အခဲကြောင့် မြို့ပတ်ယာဉ်လိုင်းနှစ်ခုအား ယာဉ်စီးခ ၁,၀၀၀ ကျပ်ဖြင့် စတင်ပြေးဆွဲ

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် စက်သုံးဆီပြတ်လပ်မှုကြောင့် ဖြစ်ပေါ်လာသည့် သွားလာရေးအခက်အခဲများကို ဖြေရှင်းရန်အတွက် ပြည်နယ်စစ်ကော်မရှင်၏ စီစဉ်မှုဖြင့် မြို့ပတ်ယာဉ်လိ...

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် စက်သုံးဆီပြတ်လပ်မှုကြောင့် ဖြစ်ပေါ်လာသည့် သွားလာရေးအခက်အခဲများကို ဖြေရှင်းရန်အတွက် ပြည်နယ်စစ်ကော်မရှင်၏ စီစဉ်မှုဖြင့် မြို့ပတ်ယာဉ်လိုင်း လမ်းကြောင်းနှစ်ခုကို ၂၀၂၆ ခုနှစ်၊ မတ်လ ၂၁ ရက်မှစတင်ကာ နေ့စဉ်ပြေးဆွဲပေးလျက်ရှိရာ လမ်းကြောင်း (၁) အနေဖြင့် ထောင်ဝိမှ ရေပေါ်ဈေးသို့လည်းကောင်း၊ လမ်းကြောင်း (၂) အနေဖြင့် လှာကမြင်ဈေးမှ ရေပေါ်ဈေးသို့လည်းကောင်း နံနက် ၇ နာရီတွင် စတင်ထွက်ခွာပြီး ယာဉ်စီးခကို တစ်ဦးလျှင် ၁,၀၀၀ ကျပ် သတ်မှတ်ထားကာ ခရီးစဉ်တစ်လျှောက် မှတ်တိုင်တစ်ခု၌ ၅ မိနစ်ခန့် ရပ်နားပေးမည်ဖြစ်ကြောင်းနှင့် ဒေသခံများကမူ အဆိုပါယာဉ်လိုင်းများကို ညနေပိုင်းအထိ အချိန်တိုးချဲ့ပြေးဆွဲပေးရန် မျှော်လင့်နေကြကြောင်း သိရှိရပါသည်။

news-view-count-icon

8