back

တရုတ်နှစ်ပတ်လည်စီးပွားရေးထိပ်သီးအစည်းအဝေးဂျပန်မတက်

Mar 22 • 2:39 AM

breaking-news

Japan

Local News

cover

တရုတ်နှစ်ပတ်လည်စီးပွားရေးထိပ်သီးအစည်းအဝေးဂျပန်မတက်

တရုတ်နှင့် ဂျပန်နိုင်ငံတို့အကြား ရှည်ကြာနေသည့် သံတမန်ရေးရာ တင်းမာမှုများကြောင့် ယခုသီတင်းပတ်အတွင်း ပေကျင်းမြို့၌ ကျင်းပမည့် တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးဖိုရ...

တရုတ်နှင့် ဂျပန်နိုင်ငံတို့အကြား ရှည်ကြာနေသည့် သံတမန်ရေးရာ တင်းမာမှုများကြောင့် ယခုသီတင်းပတ်အတွင်း ပေကျင်းမြို့၌ ကျင်းပမည့် တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် (China Development Forum) သို့ ဂျပန်စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်မည်မဟုတ်ကြောင်း သိရသည်။ တနင်္ဂနွေနေ့မှ တနင်္လာနေ့အထိ ကျင်းပမည့် အဆိုပါဖိုရမ်သို့ Apple မှ တင်ကွတ် (Tim Cook)၊ Samsung မှ လီဂျေရောင်း (Lee Jae-yong) အပါအဝင် နိုင်ငံတကာကုမ္ပဏီကြီးများမှ ထိပ်သီးအမှုဆောင် ၈၀ နီးပါး တက်ရောက်မည်ဖြစ်ပြီး အမေရိကန်လုပ်ငန်းရှင်အဖွဲ့မှာ အများဆုံးဖြစ်သည်။ သို့သော် အရှေ့အလယ်ပိုင်းဒေသရှိ စစ်ပွဲအခြေအနေများကြောင့် အချို့သော နိုင်ငံခြားစီအီးအိုများမှာမူ ခရီးစဉ်များကို ဖျက်သိမ်းခဲ့ကြသည်။ ဤဖိုရမ်သည် တရုတ်အစိုးရ၏ ရှေ့လုပ်ငန်းစဉ်များကို လေ့လာနိုင်သည့် အရေးပါသော စီးပွားရေးပလက်ဖောင်းတစ်ခု ဖြစ်သော်လည်း ဂျပန်နိုင်ငံဘက်မှ တစ်ဦးတစ်ယောက်မျှ တက်ရောက်ရန် စာရင်းပေးထားခြင်းမရှိကြောင်း သိရှိရပါသည်။

news-view-count-icon

8