စင်ကာပူနိုင်ငံ Go-Ahead ဘတ်စ်ကားလိုင်းမှ နံပါတ် (၁၂) ဘတ်စ်ကားဒရိုင်ဘာတစ်ဦးသည် ခရီးသည်များ ဆင်းရန် ဘဲလ်တီးသော်လည်း မှတ်တိုင်များကို တမင်ကျော်မောင်းခြင်းနှင့် တံခါးဖွင့်မပေးဘဲ ပိတ်လှောင်ထားခြင်းတို့ကြောင့် တာဝန်မှ ချက်ချင်းရပ်နားခံလိုက်ရကြောင်း ၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့ Stomp သတင်းအရ သိရသည်။ အဆိုပါဖြစ်စဉ်သည် မတ်လ ၁၁ ရက်နှင့် ၁၂ ရက်နေ့တို့တွင် ဆက်တိုက်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ဒရိုင်ဘာသည် ခရီးသည်များ၏ တောင်းဆိုမှုကို လျစ်လျူရှုကာ ၄ မှတ်တိုင်၊ ၅ မှတ်တိုင်ခန့်အထိ ကျော်မောင်းခဲ့သဖြင့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများပါ အခက်တွေ့ခဲ့ရသည်။ Go-Ahead Singapore ကုမ္ပဏီက ခရီးသည်လုံခြုံရေးနှင့် ဝန်ဆောင်မှုအပေါ် ထိခိုက်စေသည့် ဤလုပ်ရပ်အတွက် ဒရိုင်ဘာကို တာဝန်မှရပ်နားကာ စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေပြီဖြစ်ကြောင်း ထုတ်ပြန်ထားပါသည်။
စင်ကာပူတွင် မှတ်တိုင်ကျော်မောင်းပြီး ခရီးသည်များကို ဆင်းခွင့်မပြုသည့် ဘတ်စ်ကားဒရိုင်ဘာ တာဝန်မှရပ်နားခံရ
Mar 22 • 2:25 AM
Singapore
Local News
Share
| 7 | 0 | 0 | 0 |


