မွန်ပြည်နယ်အတွင်း ပြေးဆွဲနေသည့် ခရီးသည်တင် မော်တော်ယာဉ်အချို့ ရပ်နားမှုများ ရှိလာကြောင်း ယာဉ်လိုင်းပြေးဆွဲနေသူများထံမှ သိရသည်။စက်သုံးဆီကို အကန့်အသတ်ဖြင့်သာ ဝယ်ယူနေရသည့်အပြင် ဆီအရောင်းဆိုင်အချို့တွင် ဆီပြတ်လပ်၍ အရောင်းပိတ်ထားခြင်းကြောင့် မော်တော်ယာဉ်အများစု ရပ်နားထားကြရပြီး၊ အချို့မှာလည်း တစ်ပတ်လျှင် တစ်ကြိမ်နှုန်းဖြင့်သာ ပြောင်းလဲပြေးဆွဲနေရကြောင်း သိရသည်။အချို့ယာဉ်မောင်းများသည် ပြင်ပဈေးကွက်တွင် စက်သုံးဆီကို ဈေးကြီးပေးဝယ်၍ ပြေးဆွဲနေကြသော်လည်း ပြင်ပဈေးကွက်၌ ဆီဈေးနှုန်းများ တဖြည်းဖြည်း မြင့်တက်လာသည့်အတွက် မတတ်နိုင်တော့ဘဲ လုပ်ငန်းရပ်နားရသည် မျိုးလည်းရှိကြောင်း သိရသည်။



